MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

pagemaker7.0 နှင့် font ပြသနာ...

edited March 2010 in Idea
အကိုအမများခင်ဗျာ..ကျွန်တော့်စက်မှာ format ရိုက်ပြီး...pagemaker 7.0 ထည့်လိုက်တာမြန်မာ font တွေမပေါ်လို့ပါ...
အရင်တုန်းက format ရိုက်ပြီးလည်းအဆင်ပြေပါတယ်..အခုမ မရတော့တာပါ...control panel ထဲက font မှာတော့ရှိနေ
ပြီး...pagemaker ထဲမှာမပေါ်တာပါ...ကျွန်တော်လည်း အကုန်ပြန်ဖြုတ်ပြီး...ထပ်ပြန်ထည့်တာလည်းအဆင်မပြေပါဘူး
ဘယ်လိုလုပ်ရမလဲဆိုတာအကြံလေးများပေးပါအုံးခင်ဗျာ...:eek:

မှတ်ချက်များ

  • edited February 2010 Administrators
    မြန်မာ font ? what font ? Unicode and Zawgyi can't write in pagemaker 7.0
  • edited February 2010 Registered Users
    saturngod wrote: »
    မြန်မာ font ? what font ? Unicode and Zawgyi can't write in pagemaker 7.0

    မဟုတ်ဖူးကိုစေတန်...metrix တို့ u4shwethwe တို့ပါခင်ဗျာ....format မရိုက်ခင်ကရတယ်..window က xp sp3 ပါ....
  • edited February 2010 Registered Users
    အစ်ကို pagemaker 7.0 ကို install လုပ်တုန်းက serial no; မရိုက်ခင် အပေါ်က Product is registered to မှာ a business ကိုရွှေးတာလား an inidividual ကိုရွှေးတာလား
    an inidividual ကိုရွှေးမယ်ဆိုရင်ပိုအဆင်ပြေမယ်ထင်တယ်။နောက်တခုက fonts ကိုအရင်သွင်းပြီးမှ pagemaker ကို install လုပ်တာပိုကောင်းတယ််ဗျ ။
    ဖြုတ်လိုက် သွင်းလိုက်ဆိုရင်လဲ အဆင်မပြေနိုင်ဘူူဗျ။ windows sp3 မှာ ကျနောသိသလောက်ကတော့ အဲဒီပြသနာနည်းနည်းရှိတယ်........
  • edited February 2010 Registered Users
    ကျေးဇူးအကိုရေကျွန်တော်စမ်းကြည့်လိုက်ပါမယ်..ကျွန်တော်က business ကိုရွေးလိုက်တာပါ....thanks....
  • edited February 2010 Registered Users
    အစ်ကို အဆင်ပြေရင်လဲပြောအုံးနော် ကြုံရတဲ့ error ချင်းမတူတော့ ဖြေရှင်းလို့ရသမျှပြောရင်းဖလှယ်ကြတာပေ့ါ .......
    ကျနော်လည်းကြုံတွေ့သလောက်ပြောကြည့်တာပါ....
  • edited February 2010 Registered Users
    အကိုရေအဆင်မပြေသေးဘူးဗျ....ကျွန်တော်ပြန်ပြီး reinstall လုပ်တယ်မရသေးဘူး...စဉ်းစားပေးပါအုံးဗျာ...
  • edited March 2010 Registered Users
    အကိုရေ..........ပထမဆုံး font folder ထဲကိုသွားပီး ရှိနေတဲ့ မြန်မာဖောင့်တွေအကုန်လုံးကို ဖျက်လိုက်ပါ........ပြီးရင် Pagemaker 7 ကို ပြန်ဖြုတ်လိုက်ပါ........အားလုံးပီးသွားရင်......Pagemaker 7 ကိုပြန်တင်ပါ......ပြီးမှ..ဖောင့်တွေကို ထည့်လိုက်ပါ... ဒီနည်းနဲ့မှမရရင်တော့ ........သေချာတယ် Window ပြန်တင်မှကို အဆင်ပြေလိမ့်မယ်ဗျ.......Window ပြန်တင်ပီးရင်......Application Software အားလုံးကို အရင်တင်ပါ........နောက်ဆုံးမှ........ဖောင့်တွေကိုတင်ပါ...........
    စမ်းကြည့်လိုက်ပါအုန်းနော်...........အဆင်ပြေရင်လည်းပြောအုန်းနော်..........
    ကျွန်တော်ကြုံဖူးသလောက်ပြောပြပေးတာပါ.........
  • edited March 2010 Registered Users
    တစ်ခုပြောဖို့ကျန်ခဲ့တယ်.......အကိုက ATM(Adobe Type Manager) သုံးပြီး ဖောင့်တွေကိုထည့်တာလား.......ATM ကို Window XP ကနေစပြီးနောက်ပိုင်း သုံးဖို့မလိုဘူးနော်.......အဲဒါကိုသုံးပြီးတင်ရင် မရဘူး.........
    ဖောင့်ကို ရိုးရိုးပဲထည့်ပေးပါ.........ATM ကိုသုံးပြီး ဖောင့်ထည့်မိလိုက်ရင် Window ပြန်တင်မှကို ရတော့မှာ........
  • edited March 2010 Registered Users
    ကျနော်မှတ်မိသလောက် fonts က pagemaker 7 မှာဆို True type font မှအဆင်ပြေတယ်ထင်တယ်။ true type fonts ဖြစ်တဲ့ ဟာတွေပဲအရင် သွင်းပြီးစမ်းကြည့်ပါလားဗျာ
  • edited March 2010 Registered Users
    ဟုတ်ပါတယ်ခင်ဗျာ pagemaker သည် true type fonts များသာအဆင်ပြေပါသည်။
    ွှတစ်ဆက်တည်း metrix font ကို underline ထည့်လျှင် စာလုံးအောက်ခြေမှပေါ်သော font ကိုလိုချင်ပါသည်။
    ကျွန်တော့ဆီက ttf font က စာလုံးကိုဖြတ်နှင်းသွားသော underline ဖြစ်နေလို့ပါ။ underline တားလျှင် စာလုံးဖြတ်နှင်းမသွားပဲ အောက်ခြေမှသွားသော
    metrix မြန်မာfont ကိုဆိုလိုပါသည်။
Sign In or Register to comment.