MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

share point server ဆိုတာ

edited March 2010 in Windows Server
share point server က ဘယ်နေရာတွေမှာအသုံးပြုတာလဲဟင်။

မှတ်ချက်များ

  • edited March 2010 Administrators
    share point ဆိုတာကို အရင် သိဖို့လိုပါတယ်။ share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ Share Point က web base သွားတာပါ။ share point ကို run ဖို့အတွက် share point server လိုအပ်ပါတယ်။ Sharepoint site ကို ကိုယ်လိုချင်တဲ့ ပုံစံ တည်ဆောက်ဖို့အတွက် Share Point Designer ကို တတ်ကျွမ်းရပါမယ်။

    Share point ကျွန်တော်လည်း တစ်ခါမှမသုံးဖူးဘူးပါ။ ကျွန်တော်တို့ကတော့ Google Docs ကိုပဲ အသုံးပြုပါတယ်။ Google Doc က ပြဿနာက ms excel မှာ graph တွေကိုဆွဲထားရင် google doc နဲ့ ဖွင့်လိုက်ရင် graph ပုံတွေ ပါမလာတတ်ပါဘူး။ နောက်ပြီး Google Doc ကို သုံးရတာ အဆင်မပြေဘူး သဘောမကျဘူးဆိုရင် company တွေအနေနဲ့ share point ကို သုံးကြပါတယ်။ Google Doc ကို လူ ၃ ယောက် ၄ ယောက်လောက်နဲ့ share လုပ်ပြီး သုံးဖူးရင် ဘာလို့ share လုပ်ပြီး သုံးရတယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။
Sign In or Register to comment.