MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

၂၀၁၀ ဧပြီ မှာ GPON(internet service) သုံးမယ်။

edited March 2010 in Other
၂၀၁၀ ဧပြီ မှာ ကေဘယ်လ်ကြိုးတစ်ချောင်းတည်းနဲ့ အင်တာနက်၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်းတို့ကို သုံးနိုင်မယ့် GPON လို့ခေါ်တဲ့ ဆက်သွယ်ရေးစနစ်တစ်ခုကို ဝန်ဆောင်မှုပေးတော့မယ်လို့ ဂျာနယ်တွေက တစ်ဆင့်သိရှိရပါတယ်။ Service သုံးမျိုးမှာ အင်တာနက်ပဲ စသုံးနိုင်ဦးမယ် ဆိုပါတယ်။ GPON ရဲ့ ပင်မကုမ္ပဏီကတော့ ရတနာပုံတယ်လီပို့ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မှာ ကုမ္ပဏီငါးခုကို ဇုန်ငါးဇုန်ခွဲပြီး ဆောင်ရွက်ခွင့်ပေးထားတယ်လို့ ထိုကုမ္ပဏီများမှ တစ်ခုဇြစ်တဲ့ Fortune International ရဲ့ တာဝန်ရှိသူ ဦးဇော်အောင်က ဆိုပါတယ်။ ကုမ္ပဏီတစ်ခုဟာ ၂၀၁၀ မှာ အနည်းဆုံး လိုင်းတစ်သောင်းစီ တပ်ဆင်ပေးနိုင်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။ GPON တပ်ဆင်ခအနေနဲ့ ကနဦး တပ်ဆင်ခနဲ့ လစဉ်ကြေးတွေကို ကောက်ခံတော့မှာဖြစ်ပြီး ADSL ထက်စျေးနှုန်းသက်သာပြီး အဆ ၂၀ တောင် ပိုမြန်မယ်ဆိုပါတယ်။ GPON ကို ရန်ကုန်မှာ စတင်အကောင်အထည်ဖော်ပြီး မန္တလေးနှင့် အခြား ၁၄ မြို့မှာပါ ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ ဂုဏ်ယူစရာအနေနဲ့ ဒီ GPON ကို အရှေ့တောင်အာရှမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ပထမဆုံးသုံးတာဆိုပဲ။ ကောင်းကောင်းဆိုးဆိုးဗျာ။ အခုလက်ရှိ အင်တာနက်လိုင်းတွေထက် စျေးသက်သာပြီး ပိုမြန်မယ်ဆိုရင်တော့ ကြိုဆိုကျတာပေါ့။ ဒီအကြောင်း မသိသေးသူတွေအတွက် ရေးလိုက်တာပါ။ ဒီ service နဲ့ဆိုင်တဲ့ တခြားသတင်းတွေ သိရင်လည်း ပြောပေးကျပါဦး။:cool::cool:

မှတ်ချက်များ

  • ackack
    edited March 2010 Registered Users
    ပြင်ဦးလွင်မှာစပေးမယ်ကြားတယ်
    တခြားမြို့တွေပေးမယ်ဆိုတာသေချာလို့လား...
    မသိလို့မေးတာနော်...
    :tongue:
  • edited March 2010 Registered Users
    ုအလွန်းတရားမှာကောင်းပါတယ် တကယ်လို့လုပ်ချင်တယ်ဆိုရင် ဘယ်မှာ ဆက်သွယ်ရမှာလဲ ဗျာ
    နောက်ပြီး ဘာတွေ တပ်ဆင်ကတွေကကော့ထပ်ပေးရအုန်းမှာလား ........................စျေးပေါ့ ပေါ ့ နဲရရင်အကောင်းဆုံးပဲ နော် ဟီး ဟီး ................. :tongue::tongue::tongue:
  • edited March 2010 Registered Users
    ပိုမြန်မှာ သေချာတာ ၀ုတ်လို့လား :p
  • edited March 2010 Registered Users
    ကျွန်တော် ကြားမိတာကတော့ အခု ပြင်ဦးလွင်မှာ စပေးနေပြီ လို့ ကြားပါတယ် ။ ပြင်ဦးလွင်ပြီး ရင်တော့ မန္တလေး ကို မကြာခင် ပေးတော့မယ်တဲ့။ မန္တလေး ပြီးရင်တော့ တောင်ကြီး ဘက်ကို အရင် တက်မယ် လို့ လည်း ကြားထားပါတယ် ။ နောက် မှ ရန်ကုန် ကို ရောက်မယ ်လို့ ကြားထားတာပါ။ တကယ် ဟုတ်မဟုတ်တော့ မပြောတက်ဘူးဗျ..။ ပြီးတော့ သူက ပရီပိတ်ကဒ် နဲ့ သုံးရမယ်လို့လည်း ကြားတယ်. ၃ လ ခံ ကဒ် ရယ် ၆ လခံ ကဒ် ရယ် ဆိုပြီးတော့ဗျ.. ...
    တကယ်လို့ သေသေ ချာချာ သိတဲ့သူ ရှိရင် လည်း ပြောပေးကြအုံးပေ့ါဗျာ..
  • edited March 2010 Registered Users
    တကယ်သက်သာမှာလား ။ ဟုတ်ကောဟုတ်ရဲ.လားဗျာ။
    အနော်တို.ကြားထားတာက fiber to home တလ ၅သိန်းတဲ့ဗျာနော...
  • ackack
    edited March 2010 Registered Users
    တကယ်ကောင်းရင်တော့...
    ၁ လ ၅သိန်းလည်းသုံးကြမှာပဲ...
    ကွန်ကောင်းဖို့ပဲလိုပါတယ်...
    :cool:
  • edited March 2010 Registered Users
    အင်း တကယ်ဆိုရင်တော့ ကြိုဆိုပါတယ်ဗျာ။ ဒါပဲ ဇွတ်ကောင်းပီး မီးလေးလဲ လာနေဦးမှ အကိုတို ့ရေ။ ယုံဖို ့တော့ ခက်တယ်ဗျာ။ တကယ်ရမှပဲ ယုံတော့မယ် ဟီး ဟီ

    ကိုမြိတ်သား
  • edited March 2010 Registered Users
    fiber to the home က ၉သိန်းခင်ဗျ။
    bagothar wrote: »
    တကယ်သက်သာမှာလား ။ ဟုတ်ကောဟုတ်ရဲ.လားဗျာ။
    အနော်တို.ကြားထားတာက fiber to home တလ ၅သိန်းတဲ့ဗျာနော...
  • edited March 2010 Registered Users
    ဟုတ်တယ်အစ်ကိုရေ.. ဟိုနေ့ အင်တာနက်ဂျာနယ်မှာတွေ့လိုက်တာ.. ပြင်ဦးလွင်မှာ.. FTTH ကို လျှောက်ခ က 9သိန်း.. လစဉ်ကြေးက 512kbps ကို 30000 , 1Mb ကို 60000ks, 2Mb ကို 1သိန်းပဲ တဲ့ဗျာ... .. ရန်ကုန်ကိုတော့.. November လောက်မှရမယ်လို့ပြောတာပဲ..... တောင်ကြီးပီးမှ ရန်ကုန်ကိုချပေးမှာတဲ့....
  • edited March 2010 Registered Users
    နည်းပညာကိုတော့သိချင်ပါတယ်။သိတဲ့အစ်ကိုအစ်မများပြောပြပေးဦးနော်။ အရှေ့တောင်အာရှမှာ ပထမဦးဆုံးလို့တော့ကြားနေရတာဘဲ။ မျှဝေကြပါဦးနော် ဘယ်လို connection ယူမလဲဆိုကိုသိချင်ပါတယ်ခင်ဗျ။
  • edited March 2010 Registered Users
    သိ၇သလောက်ကတော့ မိမိသုံး၇င်သုံးသလောက် ပိုက်ဆံကျခံ၇မယ်လို့ပြောသံကြား၇တယ်ဗျို့ အသေးစိတ်ထပ်မေးလိုက်ဦးမယ်
  • edited March 2010 Registered Users
    သေချာနိုင်တယ်ဂျ။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်မှာ အသစ်ဆိုရင်ကောင်းတယ်။ ဟဲ ဟဲ။ နာတို့ wimax တွေတော့ မကြာခင်မှာပဲ ADSL လိုဘ၀ပြောင်းတော့မယ်ထင်တယ်။ :P

    ဘာတွေပြောနေလဲတိဘူး။ တားတားမပါဘူးနော်။ အဲ့ဒါ ဒီက အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေကြောတာနော်....:cool:
Sign In or Register to comment.