MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Hacking Google

edited June 2008 in Idea
ကိုစေတန်ကပြောတယ် google ကနေရှာကြရအောင်ဆိုလို့ ကျွန်တော် hacking google ဆိုတဲ့ post ကို kokyawmyintoo.blogspot.com ကနေ ရှာပြီးတင်လိုက်တယ်။ မရှာတတ်သူများအတွက်ပါ။ မလုံလောက်ဘူးဆိုပေမဲ့ သိတဲ့သူတွေကလည်း idea လေးများ၀ိုင်း share ပေးကြပါ။ ကျွန်တော့်ဆီမှာ hacking google စာအုပ်ရှိပေမယ့်တစ်အုပ်လုံးကိုကျွန်တော်ဘယ်လိုရိုက်ရမလဲမသိလို့မ share ဖြစ်တာပါ။ လမ်းကြုံရင် knowlodge is free လို့ဆိုထားတဲ့ kokyawmyintoo.blogspot.com ကိုသွားစေချင်ပါတယ်။ အဲ့ဒီမှာ "how to beat rapid share download limits and waiting time" လိုမျိုး MrDBA ကိုအလုပ်ပြုတ်စေမယ့် post တွေလည်းရှိတယ်။ တန်ဖိုးရှိတဲ့ free knowledge တွေလည်းရှိတယ်။ google မှရှာဖွေနည်းအတွက် link ကတော့ ဒီမှာပါ။
ကျွန်တော်အခု post တင်နေရင်း google hack မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ similar post တစ်ခုတွေ့ပါတယ်။ ဒါပေမယ့်နည်းနေတယ်ထင်လို့ MZ member အသစ်တွေနဲ့ မသိသေးတဲ့သူတွေသိရအောင်ထပ်တင်လိုက်တာပါ အားလုံး၀ိုင်းပြီးကူညီစေချင်ပါတယ်။

မှတ်ချက်များ

  • edited June 2008 Registered Users
    Google မှာရှာဖွေရင် result ကိုတိတိကျကျရဖို့ခဲရင်းတယ်။ ကိုယ်လိုချင်တာရော မလိုချင်တာရောကို result အဖြစ်ရတတ်တယ်။ အဲ့ဒီအခါကိုယ်လိုချင်တဲ့ result ကိုပြန်ခွဲထုတ်နေရတာအချိန်ပုပ်ပါတယ်။ အဲ့ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ ကိုယ်လိုချင်တဲ့ result ကိုရရှိအောင် key နဲ့ကန့်သတ်ရှာဖွေမယ်။ ကျွန်တော်အခု key အချို့ကို ဖော်ပြပေးမယ်။ ကျွန်တော်အခုဖော်ပြမှာတွေအားလုံးက ဆရာမျိုးသူရ စာအုပ်ကိုမှီငြမ်းထားခြင်းဖြစ်ပါတယ်။

    “+” sign ကို ကိုယ်လိုချင်တဲ့စကားလုံးတစ်လုံး(သို့)တစ်စုရဲ့ရှေ့မှာ ထားပေးရမယ်။ ဆိုလိုတာက ရှာလို့ရလာတဲ့ result တိုင်းမှာ +နောက်က စကားလုံး(သို့)စကားစုက မပါမဖြစ်ပါရမယ်။ ကျွန်တော်တို့နဲ့အနီးစပ်ဆုံးပြောရရင် free software ကို internet ကနေရှာဖွေ download ဆွဲလိုတဲ့အခါမျိုးမှာ +free, +freeware, +free download ဆိုတာမျိုးပါ။

    “-“ sign ကိုတော့ + sign ကိုဖတ်ပြီးတော့သိလောက်ပါပြီ။ - နောက်က စကားလုံး(သို့)စကားစုကို result မှာ လုံး၀မဖော်ပြပါနဲ့လို့ကန့်သတ်တာပါ။ အနီးစပ်ဆုံးပြောရရင် software ကို internet ကနေရှာဖွေတဲ့အခါ free ပေးတဲ့ software ကိုရှာဖွေတာမျိုးပါ။ ဥပမာ -$ တို့ နောက် -purchase တို့ -buy တို့ပါ။

    “…” ကိုတော့ စကားလုံးတစ်လုံးထဲမဟုတ်ပဲ စကားလုံးတစ်စုကိုရှာဖွေတဲ့အခါသုံးပါတယ်။
    ဆိုလိုတာက google ကို double quotation “…” ထဲကအတိုင်းအတိအကျရှာခိုင်းတာမျိုးပါ။
    အဲ့ဒါကိုတော့ကျွန်တော်တို့ ebook တို့ သီချင်းစာသားတို့ mp3 တို့ကိုလိုချင်ရင်သုံးလို့ရပါတယ်။ ဥပမာ ကိုယ်က လိုချင်တဲ့ ebook ရဲ့နာမည်ကိုသိရင် double quotation ထဲထည့်ရှာချင်းဖြင့်အလွယ်တစ်ကူရရှိနိုင်ပါတယ်။

    “~” ကိုအနီးစပ်ဆုံးဆင်တူတဲ့စကားလုံးများကိုရှာရာမှာသုံးပါတယ်။ ဥပမာ health ~data လို့ရှာရင် ဆင်တူတဲ့ information၊ statistics စသောကျန်းမာရေးနှင့်ဆိုင်တဲ့ webpage များကိုရရှိိမှာပါ။ run လို့ရှာရင်လည်း runner, running စသော result များကိုထုတ်ပေးမှာ ဖြစ်ပါတယ်။

    “*” star ကိုတော့စကားတစ်လုံးထဲကို spelling အမျိုးမျိုးနဲ့့ရှာရင်သုံးပါတယ်။ ဥပမာ library* ဆိုရင် Library, Libraries, Librarian စသည်တို့ကိုရှာပေးမှာပါ။ အကျယ်ဆိုရရင် အချို့ SE(search engine) တွေမှာ stemming ကိုအသုံးပြုလို့ရပါတယ်။ stemming ဆိုတာက wildcard လို့ခေါ်တဲ့ *(asterisk) များဖြင့်ပေါင်းစပ်ရှာဖွေခြင်းအားဖြင့် စကားလုံးတစ်လုံးတည်းကိုပင် spelling အမျိုးမျိုးနဲ့ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။ ဆိုရရင် moon* ဟုထည့်သွင်းရှာဖွေပါက moons, moonslight, moonshot အရှိသဖြင့် moon နဲ့ဆက်နွယ်နေတဲ့စကားလုံးတွေက်ုရှာပေးပါလိမ့်မယ်။ Google မှာတော့ အဲ့ဒီလို support မလုပ်ပါဘူး။ Google မှာ *(asterisk) သည်စကားလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။
    ဥပမာ “three * mice” ဟုရှာရင် “three green mice” “”three blind mice” သဖြင့် * နေရာမှာ စကားလုံးတစ်ခုခုဖြည့်စွက်ထာသောစကားစုများပါသော webpage များကို ရပါလိမ့်မယ်။ မိမိရှာလိုသောစကားစုရဲ့ meaning ကိုသေသေချာချာ မမှတ်မိရင်အဲ့ဒီစကားလုံးတွေနေရာမှာ * ကိုသုံးနိုင်ပါတယ်။ ဥပမာ Scorpion တေးဂီတအဖွဲ့ ရဲ့သီချင်းဖြစ်တဲ့ under the same sun သီချင်းစာသားကိုလိုချင်ရင် အဲ့ဒီသီချင်းထဲကစာသားဖြစ်တဲ့ “cause we all living under the same sun” ကိုမယ်ဆို “…” ထဲကစာသားဟာမှန်ဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲ live နေရာမှာ living လို့ရေးမိရင် မည်သည့် result မှရမည်မဟုတ်ပါ။ ဒါဆို သေချာမမှတ်မိတဲ့စာလုံးနေရာမှာ * ကို “We all * under the same sun” လို့ရှာလို့ရပါတယ်။ တစ်ခုရှိတာက “cause we all * under” ဟုမပြည့်မစုံရှာဖွေမိပါက ကိုယ်မလိုချင်သော result တွေကိုပါရရှိပါလိမ့်မယ်။ google သည်အခြားသော SE များကဲ့သို့* ကိုစကားလုံးတစ်လုံးအဖြစ်မသတ်မှတ်ပါ။ ဒါကြောင့် စကားလုံး ၁၀ လုံးထက်ပိုပြီးရှာတဲ့အခါ အရေးမပါသောစကားလုံးများနဲ့ မသေချာသော စကားလုံးများနေရာတွင် * ကိုအစားထိုးသုံးနိုင်ပါတယ်။

    M & m : Google မှာစာလုံးကြီးကြီးသေးသေး ရမယ့် result ကတူပါတယ်။

    Stop words: Google ကနေရှာတဲ့အခါ stop words လို့ခေါ်တဲ့ a, an, the, by, be, for
    တွေကိုထားခဲ့သင့်ပါတယ်။ ဥပမာ the သည် webpage တိုင်းမှာပါနိုင်ပြီး google သည် ထိုစကားလုံးကိုလိုက်ရှာနေရတဲ့အတွက် အချိန်ကြာမြင့်နေမှာဖြစ်ပါတယ်။ သို့သော် တစ်ခါတစ်လေမထည့်မဖြစ်ထည့်ရှာရန်လိုအပ်ပါက “…” ထဲတွင်ထည့်သွင်းရှာဖွေသင့်ပါတယ်။ ဥပမာ- “already paid for”

    မြန်မာစာ typing ကိုအလွန်ဆင်းရဲလို့ ဒီလောက်ပဲရေးတော့မယ်။ နောက်မှထပ်ရေးပါမယ်။ အားလုံးကိုပါ၀င်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
Sign In or Register to comment.