MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Neo Office 3.0

edited April 2011 in Open Source
Neo Office 3.0 ထွက်ပါပြီ။ ဒီမှာဒေါင်းလို့ရကြောင်းသိရပါတယ်။

http://www.neooffice.org/neojava/en/download.php#download

openoffice.org office suit ကိုအခြေခံထားပြီး Mac OS X အတွက်လို့ဆိုပါတယ်။ ပါ၀င်တာတွေကတော့
  • word processing
  • spreadsheet
  • presentation
  • drawing
  • database programs
တွေဖြစ်တယ်လို့သိရပါတယ်။

တင်ပြီးသုံးဖို့လိုအပ်ချက်တွေကတော့
  1. Mac OS X 10.4 or higher
  2. Mac Intel or PowerPC machine
  3. 512 MB of memory
  4. 400 MB of free disk space
တို့ဖြစ်ပါကြောင်းပါခင်ဗျား။

မှတ်ချက်များ

  • edited April 2009 Registered Users
    Office Suite ထဲမှာ မှန်ရာပြောရမယ်ဆိုရင်တော့ Microsoft Office 2007 ကို အကြိုက်ဆုံးပါပဲ။ ကျွန်တော့်အနေနဲ့ Open Source Products များကိုသာ တွင်တွင်ကျယ်ကျယ်သုံးဖြစ်ပေမဲ့ ဒီ Office မှာတော့ Open Office ကို မရဲတရဲပါ။ Open Office က ဘယ်လိုနည်းနဲ့မှ MS Office ကို မမှီပါ။ အထူးသဖြင့် 2007 ဆိုရင် အရမ်းသုံးရတာ ကောင်းလွန်းပါတယ်။

    အခု Neo Office ကလည်း ဘယ်လိုနေမလဲမသိ။ Mac အတွက်ဆိုတော့ ကိုယ်နဲ့ ဝေးပါသေးတယ်။

    Mac သုံးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူလည်း Microsoft Office Mac version ပဲ သုံးပါကြောင်းတဲ့ဗျာ။

    Open Source World အနေဖြင့် Office Suite လောကမှာ Microsoft ကို ယှဉ်ပြိုင်နိုင်စွမ်း လောလောဆယ်မှာ မရှိပါသေးကြောင်း . . . .
  • edited April 2009 Administrators
    ဟုတ်တယ်ဗျ Office ထဲမှာတော့ ၂၀၀၇ ကိုအကြိုက်ဆုံးပဲ။ ဒါပေမယ့်ဗမာပြည်အပြင်ကလူတွေကတော့ ၂၀၀၇ စထွက်လာတော့ သိပ်မကြိုက်ကြဘူးဗျ။ သူတို့ကပြောရရင် အရိုးစွဲနေကြတာ။ Application ဆိုရင် ဘယ် Menu ထဲမှာ ဘာပါတယ်လို့ မှတ်ထားကြတော့။ ၂၀၀၇ ထွက်လာတော့ သူတို့မရှာတတ်တော့ဘူး။ ဒါ့ကြောင့် ၂၀၀၇ ကို Interface ညံ့တယ်တွေ ဘာတွေလျောက်အော်ကြတာပဲ။ သူတို့တစ်တွေ Adaptable မဖြစ်တာကိုတော့ အပြစ်မပြောဘူး။ ကျွန်တော်ကတော့ မြင်တာနဲ့သဘောကျတယ်။ တစ်ကယ်ကို WISYWYG ပဲ။ ဘာမှဘယ်ထဲကဘယ်ကိုသွားလို့ မှတ်ထားစရာမလိုတော့ဘူး။ အဟောင်းပဲစွဲသုံးတတ်တဲ့လူတွေသာ Re-Learning is painful တွေဘာတွေပြောနေကြတာ။ ကျွန်တော့အမြင်ကတော့ ၂၀၀၇ ရဲ့ Human Computer Interaction ဟာအခုမှ စသင့်မယ့်လူတွေအတွက် အင်မတန်ကောင်းပါတယ်။ ဘာမှမသိသေးတဲ့လူကို 2003 or 1007 ကိုချပြလိုက် ဘယ်ဟာကိုအတတ်မြန်မလဲဆိုတာ ပြောစရာကိုမလိုဘူး။:D
  • edited April 2011 Registered Users
    • Mac OS X Services support
    • Media Browser support
    • Native floating tool windows
    • Magnify and swipe trackpad gestures
    • Menus available when no documents are open
    • Import images from scanners and cameras
    • Command-clicking on window titlebar
    • Mac OS X Leopard grammar checking support (Mac OS X 10.5.x only)
  • edited April 2011 Registered Users
    office 2003 နဲ့ office 2007 က Interface တော်တော်ကွာသွားတော့ user တွေအနေနဲ့ အခက်အခဲတော့ဖြစ်တာပေါ့။ ကိုလူပျိုကြီးပြောသလိုပဲ Office 2007 က လွယ်ပါတယ်။ အခု office 2010 ကတော့ office 2007 အတိုင်းပါပဲ။ သိပ်မကွာပါဘူး။
Sign In or Register to comment.