MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Need to be the same Java class name & Java file name?

edited June 2011 in Java
Java မှာ class name အတိုင်း file name ကိ သိမ်းရမှာလား
class className လို့ သုံးထားရင် file name နဲ့မတူလဲ error မတက်ပေမဲ့လို့
public class လို့ကြောညာလိုက်တယ်ဆို file name နဲ့မတူရင် error တက်နေလို့ပါ
Error: class EnterValuesFromKeyboard is public ,should be declared in a file named EnterValuesFromKeyboard.java လို့ error တက်နေလို့ပါ..
အဲဒါလေး သိတဲ့သူများ ရှင်းပြပေးစေချင်ပါတယ်
ကျေးဇူးတင်ပါတယ်
Tagged:

မှတ်ချက်များ

  • Administrators
    Class name and Filename need to be the same.
  • Registered Users
    ဟုတ်ကဲ့. ကျေးဇူးတင်ပါတယ်. class name နဲ့ file name ကိုအမြဲတူတူပေးရင်တော့ error မတက်နိုင်ပေမဲ့
    class တခုတည်း run တဲ့အခါ class name နဲ့ file name မတူလဲ ရနေလို့ပါ.ဆိုလိုတာက..
    class kiloTog
    {
    public static void main(String args[])
    {
    int kilo=Integer.parseInt(args[0]);
    int g;
    int limit=Integer.parseInt(args [1]);
    do{
    g =kilo*1000;
    System.out.println(kilo+"has\t"+g+"gram");
    kilo++;
    }while(kilo<=limit);
    }
    }
    ဒီ program မှာဆို. class တခုတည်းပါတာပါ။ file name ကို kiloTogram.java လို့ သိမ်းတာပါ။
    file name ကို class name နဲ့မတူဘဲပေးတဲ့အခါ ဘာမှမဖြစ်ပါဘူး။ပထမဆုံး file name ကို compile လုပ်ပီး (javac kiloTogram.java)
    ဒုတိယအကြိမ်မှာမှ class name ကို execute လုပ်မှာဆိုတော့ (java kiloTog ) ဆိုပီး input ပေးလိုက်တာပါ.

    ဒုတိယ program မှာတော့. class နှစ်ခု ပါလာပီး. file name ကို class name နဲ့မတူဘဲပေးလိုက်တဲ့အခါမှာ.
    class EnterValuesFromKeyboard is public ,should be declared in a file named EnterValuesFromKeyboard.java... ဆိုပြီး
    main method ပါတဲ့ class name ကိုပဲ file name ပေးဖို့error တက်ပါတယ်။compile လုပ်ကတည်းက error တက်တော့တာပါပဲ.

    class Rectangle
    {
    int length, breadth;
    void show(int x,int y)
    {
    length=x;
    breadth=y;
    }
    int calculate()
    {
    return(length*breadth);
    }
    }
    public class EnterValuesFromKeyboard
    {
    public static void main(String [] args)
    {
    Rectangle rectangle=new Rectangle();
    int a=Integer.parseInt(args[0]);
    int b=Integer.parseInt(args[1]);

    rectangle.show(a,b);
    System.out.println("You have entered these values:"+a+"and"+b);

    int area=rectangle.calculate();
    System.out.println("area of a rectangle is:"+area);

    }
    }

    အမြဲ class name နဲ့ file name ကို တူရမယ်လို့မဟုတ်နေတဲ့အတွက်. ဘာကွာခြားတယ်ဆိုတာကို. သေချာနားမလည်တဲ့အတွက်ရှင်းပြပေးစေချင်ပါတယ်။အမြဲ main method ပါတဲ့ class name နဲ့ပဲ file ကို သိမ်းရမယ်ဆိုတာတော့ သိသွားပါပီ.
    နားလည်မယ်ထင်သလိုရေးမိတဲ့အတွက် အမှားပါရင် တောင်းပန်ပါတယ်။
    ကျေးဇူးတင်ပါတယ်။
  • edited June 2011 Administrators
    Java မှာ Public Class ဟာ File တစ်ခုမှာ တစ်ကြိမ်ပဲပါလို့ရပါတယ် Public Class ဖြစ်မယ်ဆိုရင် Public Class Name နဲ့ File Name ဟာ Small/Capital အစအကုန်လုံးတူရပါမယ်။ Public Class မပါခဲ့ရင်တော့ File Name ပြဿနာမလုပ်ပါဘူး။ main method ပါတဲ့ Class ရယ်လို့မဆိုလိုပါဘူး Public Class Name လို့သာဆိုလိုပါတယ်။ အဲဒါကြောင့် ဒုတိယတစ်ခုမှာ Error ဖြစ်နေတာပါ Rectangle နဲ့ EnterValuesFromKeyboard နှစ်ခုမှာ EnterValuesFromKeyboard ကို Public လို့ကြေငြာထားလို့ပါ အဲဒါကြောင့် File Name ဟာ EnterValuesFromKeyboard.java ဖြစ်ရပါမယ် main method ပါလို့ပေးတာမဟုတ်ပါ။ နှစ်ခုလုံးကို Public ပေးလိုက်ရင်လည်း Error ထပ်တက်ပါလိမ့်မယ် :P File တစ်ခုမှာ Public Class တစ်ခုပဲပါလို့ရပါတယ်။
  • Registered Users
    ဟုတ်ကဲ့. ခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    public class ဟာ file တခုမှာ တကြိမ်ပဲပါရမယ်. public မသုံးခဲ့ရင် file name error မတက်နိုင်တော့ဘူးပေါ့နော်။
    အဲလို class တွေခွဲရေးတဲ့အခါမှာ main method ပါတဲ့ class က အမြဲတမ်း public ဖြစ်နေရမှာလား.
    Rectangle ကို public ပေးပီး. main ပါတဲ့ class က public မဖြစ်တာမျိုးရှိလား
    ဘာပဲဖြစ်ဖြစ် file name ကတော့ public လို့ပေးထားတဲ့ class name ဖြစ်ရမယ်ဆိုတာ သိပါပီ.။
    Controlling Access to Members of a Class (public, private , protected) အကြောင်းကို အဆင်ပြေမယ်ဆို ရှငး်ပြပေးစေချင်ပါတယ်.
    ကျေးဇူးတင်ပါတယ်.
  • Administrators
    main ပါတဲ့ class ဟာ Public or Default ဖြစ်လို့ရပါတယ် Private or Protected တော့မရဘူး။ Access Control ကတော့ ပြောရင်အများကြီး ဖြစ်လိမ့်မယ် အဲဒီတော့ စာဖတ်ပြီးစမ်းကြည့်ပါ နားမလည်တာကို တစ်ခါပြန်မေးပါ ဖတ်စရာနဲ့စမ်းစရာ လင့်နှစ်ခုပေးထားပါတယ်။

    http://www.javabeginner.com/learn-java/introduction-to-java-access-modifiers
    http://javapapers.com/core-java/access-modifiers-in-java-explain/
  • Registered Users
    ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်.
    ကြိုးစားကြည့်လိုက်ပါဦးမယ်.
Sign In or Register to comment.