MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Unicode & Crystal Report

aztazt
edited July 2011 in C#
ယူနီကုတ်ကို Crystal Report မှာ သုံးထားတာမပေါ်လို့ ဘယ်လိုလုပ်ရင် ရမလဲဆိုတာ သိတဲ့လူများရှိရင် ဖြေပေးကြပါအုန်း.. အရင်တုန်းက ဇော်ဂျီနဲ့ရေးတုန်းက အဆင်ပြေပါတယ်။ ယူနီကုတ်ကို Crystal Report မှာ သုံးလို့ရမရသိချင်ပါတယ်..
သုံးထားတဲ့ယူနီကုတ်က..အက္ခရာ ကီးဘုတ်ရယ်.. Yungkhio Font ရယ်သုံးထားတာပါ..

မှတ်ချက်များ

  • aztazt
    Registered Users
    အိ.. ဘယ်သူမှလဲဖြေမပေးကြဘူး..

    ဒါနဲ့ Google ကရှာလိုက်တာ ဘ၀ချင်းတူတဲ့ ပို့စ်နှစ်ခုသုံးခုလောက်တွေ့လိုက်တယ်။ လိုက်ဖတ်ကြည့်တော့ သူတို့လည်း သုံးလို့မရဘူးတဲ့။ အဲတော့.. Crystal Report မှာ ယူနီကုတ် မပေါ်ဘူးလို့ပဲ မှတ်ယူလိုက်တော့တယ်။ ဒါပေမယ့် ပရောဂျက်ကလည်း ရေးရင်းတန်းလန်းကြီးဆိုတော့.. မဖြစ်သေးဘူး ကြံအုန်းမှဆိုပြီး အဆင်ပြေအောင် တစ်ခြားနည်းလမ်းနဲ့လုပ်ကြည့်လိုက်တယ်..
    အဲဒါကတော့ PDF File ထုတ်ပြီး PDF File နဲ့ပဲပြတဲ့နည်းလမ်းပါ။
    အောက်မှာ ရေးထားတဲ့ ပုံစံလေးအတိုင်း...

    reportFile.ExportToDisk(ExportFormatType.PortableDocFormat, "FileName.pdf");
    System.Diagnostics.Process.Start("FileName.pdf");

    ဘယ်သူမှမဖြေကြလို့ ကိုယ့်ဘာကိုယ်ပြန်ဖြေလိုက်တယ် :-D
  • Administrators
    Crystal Report က unicode နဲ့ ပြဿနာ အနည်းငယ်ရှိပါတယ်။ Crystal Report နောက်ဆုံး version ကို သွင်းဖို့ လိုပါတယ်။

    ဖြေရှင်းနည်းကို အောက်က link မှာ ဖတ်ကြည့်လိုက်ပါ။

    http://www.myanmaritpro.com/profiles/blog/show?id=1445004:BlogPost:195064&commentId=1445004:Comment:195162
Sign In or Register to comment.