MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Multiple Developer Account on One MacBook Pro

edited August 2011 in iPhone
Developer Account ၂ ခုကို MacBook တစ်ခုကနေသုံး ချင်ရင် ဘယ်လို့ လုပ်ရမလဲ
Certificate Signing Request (CSR) ကို စက်တစ်ခုထဲရဲ့ Key Chain ထဲကနေ ထုတ်ပေးလို့ အစဉ်ပြေလား သိချင်လို့ပါ။

မှတ်ချက်များ

  • Administrators
    လက်ရှိ အသုံးပြုနေတဲ့ mac ကနေ keychain က တဆင့် ကိုယ့်ရဲ့ private key ကို ထုတ်ပြီး တခြားစက်မှာ သွင်းပေးလိုက်ရင် ရပါတယ်။

    Keychain Access ကို သွားပြီးတော့ Left Sidebar က Key ကို နှိပ်။ ပြီးရင် ကိုယ့်ရဲ့ private key ကော public key ကော export လုပ်ပြီး အခြား စက်မှာ ပြန်သွင်း။ ဒါဆိုရင် ရသွားပါလိမ့်မယ်။
  • Registered Users
    ဟုတ်... အဲဒါက တခြားစက်က ရှိနေပြီးသား cert ကို export လုပ်ပြီး ကိုယ့်စက်မှာ ပြန်သွင်းတာလို့ ထင်တယ်။ အဲလို မဟုတ်ပဲ ကိုယ့်စက်ကနေ cert request ကို စလုပ်ရင်ရော ဘယ်လိုဖြစ်နိုင် မလဲ
  • Administrators
    အဓိက က certificate တစ်ခုပဲ သုံးလို့ရမယ်။ နောက်ပြီး certificate ကလည်း private key တစ်ခု အတွက်ပဲ။ Developer account က certificate ကို တခြား စက်ကနေ လုပ်ထားရင် တခြား စက်ရဲ့ private key လိုတယ်။ ကိုယ့်စက်က လုပ်ထားရင် ကိုယ့် private key လိုတယ်။

    တကယ်တန်းလိုတာက certificate request လုပ်ထားတဲ့ private key ပဲ။ certificate request လုပ်ထားတဲ့ စက်က private key ကို ကိုယ့်စက်ထဲ ထည့်လိုက်ရင် ရပါတယ်။


    Certificate တစ်ခုကို request လုပ်ရင် အရင် အဟောင်းကို ဖျက်ရပါမယ်။ တစ်ခုပဲ သုံးလို့ရလိမ့်မယ်။ တခြား စက်က လုပ်ထားတာကို ဖျက်ပြီး ကိုယ့်စက်က အသုံးပြုရင် အခြား စက်မှာ ကိုယ့် private key ရော certificate ကော ပြန်သွင်းပေးဖို့လိုပါတယ်။
  • Registered Users
    တခြား စက်က လုပ်ထားတာကို ဖျက်ပြီး ကိုယ့်စက်က အသုံးပြုရင် အခြား စက်မှာ ကိုယ့် private key ရော certificate ကော ပြန်သွင်းပေးဖို့လိုပါတယ်။ <<< လို့ပြောတာက .p12 ကိုကိုယ့်စက်မှာ install ပြန်လုပ်ပေးတာကို ပြောတာလား ကိုစေတန်
  • Administrators
    @Zack , ဟုတ်ပါတယ်။ export ကို .p12 နဲ့ ထုတ်ပြီး တခြားစက်မှာ import ပြန်လုပ်ဖို့လိုတာကို ပြောတာပါ။
  • edited August 2011 Registered Users
    ဒါဆိုရင် လုပ်လို့ ရတာ ၂ နည်းရှိတယ်လို့ ဆိုနိုင်တာပေါ့

    တကယ်တန်းလိုတာက certificate request လုပ်ထားတဲ့ private key ပဲ။ certificate request လုပ်ထားတဲ့ စက်က private key ကို ကိုယ့်စက်ထဲ ထည့်လိုက်ရင် ရပါတယ်။

    (၁) CSR လုပ်ပြီးသွားရင် private key ထွက်လာမယ်ဗျာ။ အဲဒီ Key ကိုပဲယူလိုက်ပြီး certificate ထွက်လာဖို့ တခြား process တွေကို ဆက်လုပ်နိုင်တယ်။

    Certificate တစ်ခုကို request လုပ်ရင် အရင် အဟောင်းကို ဖျက်ရပါမယ်။ တစ်ခုပဲ သုံးလို့ရလိမ့်မယ်။ တခြား စက်က လုပ်ထားတာကို ဖျက်ပြီး ကိုယ့်စက်က အသုံးပြုရင် အခြား စက်မှာ ကိုယ့် private key ရော certificate ကော ပြန်သွင်းပေးဖို့လိုပါတယ်။

    (၂) certificate တစ်ခု ပြီးသွားအောင်လုပ်ပြီးတော့မှ .p12 file ကို export/import လုပ်တာ။
  • Administrators
    csr လုပ်ပြီးသွားရင် developer certificate ရအောင် upload တင်ပေးလိုက်ရုံပဲ။ developer certificate ရပြီဆိုရင် လက်ရှိ စက်ထဲကနေ private key ကို export လုပ်ပြီး import ထည့်။ ပြီးမှ import ပြန်ထည့်ထားတဲ့ စက်ကိုလည်း developer certificate ပြန်ထည့်လိုက်။ အဲဒီအခါ developer certificate က private key နဲ့ တွဲပြီး ပြထားတာကို တွေ့ရပါလိမ့်မယ်။
Sign In or Register to comment.