MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Can I make self-studying C# without other programming knowledge?

edited September 2011 in C#
Programming နဲ့ပတ်သတ်ပြီးသိချင်တာလေးတွေမေးချင်လို့ပါ။
ကျွန်တော့်မှာ Programming နဲ့ပတ်သတ်ပြီးဘာ Knowledge မှမရှိပါ။
အခုမှစလုံးရေစမှာပါ။ ကိုယ်ဘာသာကိုယ်သိပ် Heavy မဟုတ်တဲ့ တစ်ကိုယ်ရေသုံး Program လေးတွေရေးချင်လို့ပါ။ အလုပ်ရရေးအတွက်မဟုတ်ပါ။ ကိုယ်ဘာသာလေ့လာပြီးသုံးချင်လို့ပါ။ Web အတွက်မဟုတ်ပဲ Desktop အတွက်အဓိကသုံးမှာပါ။ အဲ့ဒါအင်တာနက်မှာရှာဖတ်ကြည့်တော့ C# နဲ့ Python ထဲကတစ်ခုခုကိုသုံးချင်ပါတယ်။ C# ကိုတစ်ခြား C တို့ C++ တို့လို Programming Language တွေမတတ်ပဲအခြေခံကနေစလေ့လာရင်အဆင်ပြေနိုင်ပါသလား? အခြားအလုပ်လုပ်နေတဲ့အတွက်သင်တန်းတက်ဖို့မလွယ်ပါဘူး။ Self-Study ပဲလုပ်မှာပါ။ Self-Study လေ့လာနေကျဆိုတော့အဆင်ပြေမယ်ထင်ပါတယ်။ အဲဒါ Free ရတဲ့ Microsoft Visual C# 2010 Express Edition ကို Download ဆွဲရင်ရပြီလား။ ဘာတွေထပ်လိုမလဲမသိဘူး။ အခြေခံကစမယ်ဆိုရင်ဘယ် Ebook တွေဖတ်သင့်သလဲညွှန်းပေးပါဦး။
Tagged:

မှတ်ချက်များ

  • Registered Users
    http://www.mysteryzillion.org/discussion/4880/basic-basic-basic-of-c/p2
    
    အဲ့မှာ ရေးထားတာလေးတွေ့မိပါတယ်။ အဲ့ဒါလေးကို ဖတ်ကြည့်ပါလား။ ကျွန်တော်လည်းအဲ့ဒါကိုပဲဖတ်နေတာပါ။Programming Knowledge မရှိလဲရမယ်လို့တော့ ထင်တာပဲ။
    ကျွန်တော်ကတော့ အခြေခံရှိတော့ ebook တွေနဲ့လည်း အဆင်ပြေနေတယ်ဗျ။
    ebooks ​တွေတော့ ကျွန်တော့ဆီမှာရှိတယ်။ အပြင်မှာ ယူလို့အဆင်ပြေမလားမသိဘူး။ online ကနေ share ဖို့က ကျွန်တော်လဲမအားဘူးဖြစ်နေလို့ပါ။

    ပြီးတော့ သိပ် Heavy မဟုတ်တဲ့ တစ်ကိုယ်ရေသုံး Program ​လေးတွေကို တစ်ချို့ developer ​တွေက free ပေးတာတွေလဲရှိပါတယ်။
Sign In or Register to comment.