MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

power ထိုးပိတ်ရတဲ့ Ubuntu

edited October 2011 in Ubuntu
ကွန်တော် Ubuntu ကို window နဲ့ dual တင်ပြီးသုံးပါတယ်
desktop , laptop 32,64 bit အကုန်လုံး install လုပ်ပြီးသုံးကြည့်ပါတယ်
ပြဿနာက အကုန်လုံးမှာ စက် power ပိတ်တဲ့အခါဖြစ်ဖြစ် restart ချတဲ့အခါဖြစ်ဖြစ်
ဆယ်ခါလောက်ဆိုရင် လေးခါလောက်က power ထိုးပိတ်နေရပါတယ်
နာရီ၀က်လောက်စောင့်လည်း window ကပိတ်မသွားဘဲ loading လုပ်နေပါတယ်
အဲဒီ error ကစက်ကဖြစ်တာလား၊ window ကြောင့်ဖြစ်တာလား
တခြားညီအစ်ကိုတွေရောအဲလိုမျိုးဖြစ်ြကလားမသိဘူး

အဲဒီလို power ကိုအမြဲတမ်းထိုးပိတ်နေရရင်ကြာရင် စက် ဘာဖြစ်နိုင်ပါသလဲ

ကူညီပါအုံးညီအစ်ကိုတို့
Tagged:

မှတ်ချက်များ

  • Administrators
    ကျွန်တော့် laptop တစ်လုံးလည်း အဲလို ဖြစ်ဖူးတယ်။ Ubuntu က သူ့အလိုလို power မပိတ်သွားဘူး။ ကျွန်တော့်တုန်းက ubuntu 9 မှာ ဖြစ်တာ။ နောက်ထပ် version အသစ်ထွက်တော့ အဆင်ပြေသွားတယ်။

    ဖြစ်နိုင်ရင် http://ubuntuforums.org/showpost.php?p=9132484&postcount=82 ပြောထားတဲ့ အတိုင်း စမ်းကြည့်ပါလား။
  • Registered Users
    ကျေးဇူးဘဲ ကိုစေတန်

    ကျွန်တော် Ubuntu 11.04 64 bit သုံးချင်တာပါ
    ဘာမှတော့နားမလည်ပါဘူး ubuntu တင်ပြီး software လေးတွေတင်ရုံဘဲလုပ်တတ်ပါတယ်
    သုံးလည်းသုံးချင်ပါတယ်။

    ကိုစေတန်ပြောတဲ့လင့်ကိုကြည့်ပြီးပါပြီနားမလည်ဘူးဗျ
    အချိန်ရရင် step by step ပြောပြစေချင်ပါတယ်
  • KK
    Moderators
    Install လုပ်ပြီးကတည်းကဖြစ်တာလား? မဟုတ်ရင်တော့ Packages တွေ Install လုပ်တုန်းက Broken ဖြစ်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ Ubuntu ကို Recover ဘက်ကနေဝင်ပြီး repair broken packages လုပ်ကြည့်ပါ။
  • Registered Users
    အဲလိုတော့တစ်ခါတွေ့လိုက်တယ်ဗျ
    ကျွန်တော်က 3 ရက်တစ်ခါလောက် update manager ကနေ update လုပ်တယ်
    တစ်ခါတော့ပြဘူးတယ် broken packages ဆိုပြီး

    recover ဘက်ကနေတစ်ခါမှမ၀င်ဘူးဘူးဗျ
    repair broken packages ကိုဘယ်နားမှာရှာရလဲ
    အဲဒီ error တက်လို့ Ubuntu ကိုဖြုတ်လိုက်ပြီးလောလောဆယ်တော့စမ်းလို့ရမယ်မထင်ဘူး
    ကျွန်တော်အခုပြန်တင်လိုက်ဦးမယ်

    broken packages error ကော်နက်ရှင်မကောင်းလို့တက်တာလား
  • KK
    Moderators
    အင်း .. ဟုတ်တယ်အစ်ကို
    ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေအဖြစ်များတယ်။ Packages တွေကို Install လုပ်တဲ့အခါ Online ကနေ တန်းလုပ်တာမို့လို့ ကော်နက်ရှင်မကောင်းရင် အကုန်မပါပဲ Broken ဖြစ်သွားတာတွေရှိတတ်ပါတယ်။

    အကောင်းဆုံးကတော့ Ubuntu ကို မြန်မာနိုင်ငံမှာဆိုရင် Software Update အကုန်မလုပ်တာကောင်းပါတယ်။ ကိုယ်လိုချင်တဲ့ Software လောက်ပဲ Install လုပ်ပေါ့။

    အဓိကလိုတာတွေက Sound, Video တွေအတွက် Restricted-Extra, VLC Player, GMIP, ... အဲ့လိုမျိုးတွေပေါ့။

    11.04 ဆိုရင်တော့ Package သွင်းရတာလွယ်ပါတယ်။ :)
  • Moderators
    broken package ကကွန်မကောင်းလို့ဖြစ်တာပါ။ ကွန်ကောင်းတဲ့နေရာကနေသာ sudo apt-get update လုပ်ပါ။ ပြီးမှ သွင်းချင်တဲ့ software ကို sudo apt-get install ဆိုပြီးသွင်းပါ။
Sign In or Register to comment.