MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကယ်တော်မူကြပါ..........လို့ပြောစရာမလိုအောင်.. ....&#

edited July 2008 in Antivirus & Virus
MZ ပေါ်မှာ၊ Virus ကိုက်လို့.... Spyware တွေ့လို့၊ ကယ်ပါယူပါ တစ်စာစာ အကူအညီတောင်းပြန်တော့ မနေနိုင်တဲ့ ညီအစ်ကို မောင်နှမတွေ ၀ိုင်း၀န်းကူညီကြလို့၊ အဆင်ပြေတာလည်းရှိရဲ့၊ ဆိုင်ရောက်သွားပြီး ပိုက်ဆံကုန်ပြီးမှ ကောင်းသွားတာလည်းရှိရဲ့။ ဘယ်လိုမှ မရလို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသူများလည်းရှိကြမှာပါ။

သူလည်းဘာမှ ကူမရှင်းပေးပဲ၊ ဒါတွေ ဘာလို့ လာပြောနေလည်းလို့မေးရင်၊ မုန်းချင်လည်းမုန်း သိသင့်တယ်ထင်လို့ပြောရဦးမှာပဲ။

ကို်ယ့် Computer မှာ Antivirus Software မျိုးစုံ တင်ထားရုံ၊ SpyWare detector မျိုးစုံ တွေ တင်ထားရုံနဲ့ မလုံလောက်ပါဘူး။ ကွန်ပြူတာ လုံခြုံရေးဟာ၊ ကွန်ပြူတာ အသုံးပြု သူရဲ့ Security Awareness ပေါ်မှာ ၈၀ ရာနှုန်းလောက် မူတည်ပါတယ်။

ကွန်ပြူတာ လုံခြုံရေး (Virus တွေ၊ Spyware တွေရဲ့ ရန်ကကင်းေ၀းရေး) အတွက် အောက်ပါအချက်တွေကို သတိပြုစေချင်ပါတယ်။

၁။ ။ Antivirus တင်မယ်၊ မှန်မှန် Update လုပ်မယ်။
သိပြီးသားပဲ ထပ်ပြောရမှာပါ။ Computer မှာ AntiVirus တစ်ခုခု (Free version) ပဲဖြစ်ဖြစ်၊ ပိုက်ဆံနဲ့၀ယ်ရတာပဲဖြစ်ဖြစ် တစ်ခုခု တင်ထားသင့်ပါတယ်။

တင်ထားပြီး....ပြီးပြီးရောနေလို့မရပါ။ AntiVirus Software တွေဟာ ဖိုင်တွေကို Virus ရှိမရှိ စစ်ဆေးတဲ့ အခါ၊ Virus Definitions ကိုသုံးပြီး၊ တူမတူ တိုက်စစ်တာပါ။ ဆိုလိုရင်းက ၀ရမ်းထုတ်ထာတဲ့ တရားခံ ပါမပါ၊ လူအားလုံး တန်းစီပြီး ဓါတ်ပုံနဲ့ တိုက်စစ်သလိုမျိုးပေါ့။ ကဲ....ဓါတ်ပုံ မရှိသေးတဲ့ တရားခံ ကျတော့ မသိလိုက်လို့ လွှတ်ပေးသလိုအဖြစ်မျိုးရောက်သလို၊ နောက်ဆုံးပေါ် Virus တွေရဲ့ အကြောင်း (Virus Signature) ကိုမသိရင်၊ Virus နဲ့မျက်နှာခြင်းဆိုင်ပြီး Virus မှန်းမသိတာမျိုးဖြစ်ကရော။

အဲဒီလိုမျိုးမဖြစ်အောင်... ကိုယ့် Computer မှာရှိတဲ့ Virus Definitions ကို မှန်မှန် Update လုပ်ပေးရပါမယ်။ Commercial AntiVirus နဲ့ အချို့သော Free Antivirus Software တွေဟာ Online Update လုပ်နိုင်ပါတယ်။ Online မှာရှိတဲ့ Server ကနေ နောက်ဆုံး သိထားတဲ့ (တရားခံ စာရင်း) Virus Definitions တွေကို ကိုယ့် Computer ပေါ်မှာ တင်ပေးပါတယ်။ ဒါမှသာ နောက်ဆုံး ထွက် Virus တွေရဲ့ရန်က ကာကွယ်နိုင်မှာပါ။

Online Connection ကောင်းသူတွေ အတွက် Online Update မှန်မှန်လုပ်နိုင်ပေမယ့်၊ Connection မရှိတဲ့ Computer များအဖို့ Download လုပ်ထားတဲ့ Definition File ကို Offline Update လည်းလုပ်နိုင်ပါတယ်။ (MZ ထဲမှာ ရေးသားထားတာများရှိပြီးသားပါ။)

SpyWare Protection Software တွေလည်း ထို့နည်းလည်းကောင်းပါပဲ။
ဘယ်လောက်ကောင်းတဲ့ AntiVirus Software ဖြစ်ဖြစ် Update လုပ်မထားရင် အစွယ်မရှိတဲ့ ကျားလိုပါပဲ။
လိုရင်းကတော့ AntiVirus တင်ပါ၊ မှန်မှန် Update လုပ်ပါ။

၂။ ။ Operating System နှင့် Software Update များ

Virus တွေ Spyware တွေ ကိုလွယ်လွယ်ကူကူ ဖန်တီးလို့မရပါဘူး။ အသုံးပြုသူတွေရဲ့ ပြုမူလုပ်ကိုင်ပုံတွေ၊ Computer မှာရှိတဲ့ Operation System နဲ့ တစ်ခြား Software တွေရဲ့ အားနည်း ချက်တွေအပေါ်မှာ အခွင့်ကောင်းယူပြီး တည်ဆောက် ထားတာဖြစ်ပါတယ်။

Operating System နဲ့ Software တွေရဲ့ အားနည်း ချက်တွေဟာ Virus တွေ Spyware တွေပေါ်လာမှ၊ ဒါမှမဟုတ် Security Test လုပ်နေသူတွေက ရှာဖွေတွေ့ရှိမှ၊ တွေ့ရှိလားတဲ့ အားနည်းချက်တွေကို ဖာထေးဖို့ Security Patch တွေ Security Update တွေကို ထုတ်လုပ်ကြလေ့ရှိပါတယ်။

ဒီလို OS တွေ Sofware တွေရဲ့ရှိရင်းစွဲ၊ အားနည်းချက်တွေကို Antivirus တွေ၊ Spyware Protection တွေက မပြုပြင်ပေးနိုင်ပါဘူး။ Operating System နဲ့ software တွေရဲ့ Security Path တွေ Update တွေကို တင်မှသာ၊ အဲဒီအားနည်းချက်တွေကို တိုက်ခိုက်တဲ့ Virus တွေရဲ့ ရန်က ကာကွယ်နိုင်မှာပါ။

Windows OS တွေမှာ ဆိုရင်၊ (Genuine အစစ်အမှန်) ဆိုရင်၊ Online Update ကို မှန်မှန် လုပ်သင့်ပါတယ်။ တစ်ခြား Software တွေ ဥပမာ Adobe PDF Reader လိုဟာမျိုးမှာလည်း Security Update တွေတင်သင့်ပါတယ်။ Online Connection မရနိုင်တဲ့ Computer တွေမှာ၊ Service Patch လိုဟာမျိုးကို Download လုပ်ပြီးသားကို Offline တင်နိုင်ပါတယ်။ Service Patch တွေမှာ နောက်ဆုံးထွက် Major Security Update တွေပါပါတယ်။

လိုရင်းကတော့ Security Update တွေကို မှန်မှန် လုပ်ဖို့ပါပဲ။

၃။ ။ File တွေ ရှယ်မှာလား၊ Virus တွေရှယ်မှာလား။
ကိုယ့် Flash Drive လေးကို သူများ Computer မှာတပ်တော့မယ်ဆိုရင်၊ သူများ ရဲ့ Flash Drive ဒါမှမဟုတ်၊ CD တစ်ချပ်ချပ်ကို ကို်ယ့် Computer မှာတပ်တော့မယ်ဆိုရင်၊ မလုပ်ခင် အရင် စဉ်းစားပါ။ သူ့ ရဲ့ Storage Device မှာ ကိုယ့်ကို ဒုက္ခပေးမယ့် Virus တွေ၊ Spyware တွေပါလာနိုင်ပါတယ်။

မြန်ပြည်မှာ InterCafe တွေ၊ ဓါတ်ပုံဆိုင်တွေ၊ စာစီစာရိုက်ဆိုင်တွေမှာ ဖိုင်တွေ အသွင်းအထုတ်လုပ်မိတဲ့ အခါ၊ ကိုယ့် Storage Device မှာ Virus တွေကူးစက်ပါလာနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင် Photo Copy ဆိုင်မှာ Print လုပ်ချင်လို့၊ ကို်ယ့် Flash Drive ကိုတပ်ပြီး Print လုပ်လိုက်တာ၊ အိမ်လည်းရောက်ရော၊ Antivirus က Virus တွေ့တယ်ဆိုပြီး ပြသနာတက်လိုက်တာ နောက်ဆုံး Flash Drive ထဲကဖိုင်တွေ အဆုံးခံပြီး Flash Drive ကို format ရိုက်လိုက်ရတဲ့ အထိပါပဲ။ ကံကောင်းတာ ကိုယ့်ဖိုင်တွေက Computer ထဲမှာ ကူထားတာတွေ ရှိနေသေးလို့။

လုပ်ထားသင့်တာတွေကတော့၊ CD တွေ Flash Drive တွေရဲ့ AutoRun ကို ပိတ်ထားသင့်ပါတယ်။ (Windows မှာ Autorun ကိုဘယ်လိုပိတ်လဲ အလျဉ်းသင့်သလိုဖော်ပြပါမယ်။) ပြီးတော့ သူများ ဆီကဖိုင် ကို မဖွင့်ခင်၊ AntiVirus နဲ့ Scan လုပ်သင့်ပါတယ်။ Safe ဖြစ်မှ ဖွင့်သင့်ပါတယ်။

အကယ်လို့ ဆိုင် မှာ ကိုယ့် Flash Drive ကိုတပ်ရမယ်ဆိုရင်၊ ကိုယ့်ဖိုင်တွေကို အရင် Backup လုပ်ထားသင့်ပါတယ်။ အရေးကြုံတဲ့ အခါ ကိုယ့် Data တွေ ကျန်ခဲ့နိုင်အောင်ပါ။

ကိုယ်မှာ CD writer ရှိတယ်ဆိုရင် CD-RW တစ်ချပ်ကို ၀ယ်ပြီး၊ file တွေကို Burn လုပ်ပြီးမှ ဆိုင်မှာ ဖွင့်ခြင်းဖြင့်၊ Flash Drive တပ်ရမယ့် ဘေးက ကာကွယ်နိုင်ပါတယ်။ (Flash Drive ဆိုရာမှာ Portable Hard Disk တွေ၊ Thumb Drive တွေ၊ Camera Memory Stick တွေ အားလုံး အကြုံး၀င်ပါတယ်။

၄။ ။ Free ToolBar လား၊ free spyware လား၊ အရှုပ်ထုပ်လား။
Yahoo ToolBar, Google ToolBar, Mega Download...blah blah blah...etc. etc...စသည်ဖြင့် အလကားပေးတဲ့ ToolBar တွေကို Web Browser တွေမှာ (သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ်) တင်ထားမိတတ်ပါတယ်။

ယုံကြည်ရတဲ့ နေရာက၊ ToolBar တွေမှ အပ၊ စိတ်မချရတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် ToolBar ကို အလကားရတိုင်းတင်မိရင်၊ အမှားကြီးမှားပါလိမ့်မယ်။ ပြီးတော့ ToolBar တင်ထားပြီးရင် ပါသမျှ အကုန်သုံးလို့ရတာလည်း မဟုတ်လေတော့၊ browser မှာ နေရာပုပ်ပါတယ်။ မလိုအပ်ပဲ DiskSpace, Memory နဲ့ Bandwidth တွေကို ဖြုန်းရာကျပါတယ်။ မလိုပဲ မတင်တာ အကောင်းဆုံးပါပဲ။

နောက်တစ်ခုက WebSite တွေ မှာ သွားရင်းလာရင်း ဒါကို Install လုပ်မလားဘာလား နဲ့ Dialog Box ပေါ်လားပြီး မေးတတ်ပါတယ်။ အထူးသဖြင့် ActiveX တို့ Flash တို့ Java Applet တို့ လို Active Content တွေပါ။ ပြီးတော့ ကိုယ်ကိုယ်တိုင် Download လုပ်ဖို့ မကြိုးစားပဲနဲ့ အလိုအလျောက် ဖိုင်တစ်ခုကို Save လုပ်မလား ဖွင့်မလား မေးနေတာမျိုးတွေ့တတ်ပါတယ်။ ဒါတွေအတွက် အကောင်းဆုံးကတော့ ကိုယ်မလိုချင်ပဲနဲ့ ပေးတာတွေအတွက် NO ပါပဲ။ No ပဲနှိပ်နှိပ်၊ Cancle ပဲနှိပ်နှိပ် တစ်ခုခု နှိပ်လိုက်ပါ။ ဘယ်လိုမှကို မရမက Download သော်လည်းကောင်း Install သော်လညး်ကောင်း လုပ်ခိုင်းနေရင် အဲဒီ WebPage ကိုပိတ်လိုက်ပါတော့။ (FireFox 3 မှာ အဲဒီလို UnSafe WebSite တွေကို စစ်ဆေးတဲ့ Feature ပါပါတယ်။)

ပြီးတော့ လုံခြုံမှုမရှိတဲ့ Site တွေ၊ အပြာ Website တွေ၊ Serial, Crack တွေပေးတဲ့ Site တွေကို အရမ်းအရမ်း မ၀င်မိပါစေနဲ့။ သတိလေးထားပြီး၊ ၀င်သင့်ပါတယ်။ အဲဒီနေရာတွေက Virus တွေအများဆုံး Distribute လုပ်ကြလို့ပါ။

လိုရင်းကတော့ ကိုယ်တစ်ခုခုကို မနှိပ်ခင် အသေအချာဖတ်ပါ။ တွေသမျှ YES နှိပ်တဲ့ အကျင့်ကို ဖျောက်ပါ။

၅။ ။ ဖြစ်ရင် ပျက်မယ်၊ ပျက်ရင် Restore လုပ်မယ်။

ဘယ်လောက်ပဲ ကာကွယ်ကာကွယ်၊ သတိ မေ့လျော့သွားတဲ့ အခါမှာ၊ အကုသိုလ် အတုံးလိုက်၀င်တဲ့အခါ၊ Computer ထဲက Registry တွေပျက်၊ Virusတွေကိုက်၊ HardDisk ကြီးကြွသွား.....စသည်ဖြင့်ပေါ့လေ ဖြစ်လာပြီဆိုရင်၊ Data တွေ ဆုံးရှံးဖို့ ၅၀% လောက်သေချာနေပါပြီ။

ဒီလိုအဖြစ်မျိုး ကြုံလာမှာကို စိုးရိမ်စရာမလိုအောင်၊ ကိုယ့် DATA တွေကို မှန်မှန် BackUp လုပ်ဖို့ မမေ့ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။

နောက်ဆုံး အနေနဲ့.....AntiVirus ကြီးတင်ထားပြီး တစ်ပတ် တစ်ခါလောက်မှ Computer ကို Scan မလုပ်ရင်၊ အလကားဖြစ်နေပါလိမ့်မယ်။ မှန်မှန်လည်း Scan လုပ်ကြပါ။

Security ပြဿနာတိုင်းမှာ (Human is the weakest link) အသုံးပြုသူဟာ အားအနည်းဆုံးနဲ့ အမှားအလုပ်ဆုံးဖြစ်ပါတယ်။ အထက်ပါ အချက်လေးတွေကို အပိုအလုပ်လို့ သဘောမထားပဲ၊ လက်တွေ့ကျင့်သုံးရင်၊ Virus သတ်ရတဲ့၊ File တွေ recover လုပ်ရတဲ့ အလုပ်အပိုတွေ လုပ်စရာမလိုလောက်အောင်၊ AntiVirus ဆိုတာကြီးမလိုလောက်အောင် လုံခြံစိတ်ချရမယ်ဆိုတာ မယုံရင်စမ်းကြည့်လိုက်ပါ။

ကျွန်တော်ပြောတဲ့ အထဲမှာ ကျန်ခဲ့တာတွေ အများကြီးရှိမှာပါ။ ကိုယ်တွေ့သင်ခန်းစာလေးတွေနဲ့ ကိုယ့်ရဲ့ Practice (အလေ့အကျင့်) တွေကို ေ၀မျှ ဆွေးနွေး ရေးသားကြဖို့ အကြံပြုရင်း.....

မှတ်ချက်များ

  • edited July 2008 Administrators
    စိတ်ပေါက်လာတယ်ထင်တယ် ... :39:
    မှန်ပါတယ် မိမိကိုယ်တိုင်ကလဲ တာ၀န်ယူတတ်ဖို့လိုပါတယ် ...
  • edited July 2008 Moderators
    ကိုသာသာ သတိပေးတာကျေးဇူးတင်ပါတယ်...ချစ်သော ice
  • edited July 2008 Registered Users, Moderators
    ကျွန်တော်လဲသတိပေးချင်တာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ drive တစ်ခုခုကိုဖွင့်တော့မယ်ဆိုရင် double click နှိပ်ပြီးမဖွင့်စေချင်ဘူးဗျာ။ အများဆုံးကတော့ portable drive တွေပဲ။ အဲဒီကောင်တွေထဲ Virus ၀င်နေတယ်ဆိုပါစို့ double click ခေါက်လိုက်တာနဲ့ သွားပြီ ကိုယ့်စက်ထဲပြန့်သွားပြီလို့သာမှတ်လိုက်တော့။
    ဒါကြောင့်ကျွန်တော်သတိပေးချင်တာက drive တစ်ခုခုကိုဖွင့်တော့မယ်ဆို double click မခေါက်ပါနဲ့။ win+E နဲ့၀င်ပါ။ ဘယ်ဘက် box ကနေကိုယ်ခေါ်ချင်တဲ့ drive ကို တစ်ချက်နှိပ်ပြီးခေါ်ပါ။ နောက်ပြီးကိုသာသာပြောသလို autorun ပိတ်ထားရင် ပိုစိတ်ချရတာပေါ့ဗျ။ USB Devices ကို disable လုပ်တာကို ကို khunmk ကရေးထားတာရှိပါတယ်။ ကို khunmk ရေးသားထားတဲ့ လင့်လေးပါ။

    http://www.mysteryzillion.com/forums/showthread.php?t=984
Sign In or Register to comment.