MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

iPhone ၀ယ်မယ်ဆိုရင်

edited July 2010 in iPhone
iPhone ၀ယ်တော့မယ်ဆိုစဉ်းစားရမှာက Official unlock ၀ယ်မှာလား၊sim unlock ၀ယ်မှာလားပါ။

ဟုတ်ဘီအရင်ဆုံး sim unlock ဆိုတာဘာလဲအရင်ပြောပါမယ်။

Apple ကနေ iPhone တွေကို နိုင်ငံတချို့က ဖုန်းလိုင်း၀န်ဆောင်မှုပေးတဲ့company (ခွင့်လွှတ်ပါမြန်မာလို company ကိုမရိုက်တတ်လို့ပါ) 50 ကျော်နှင့်စာချုပ်ချုပ်ထားပါတယ်။ US မှာဆို AT&T က iPhone 3G 8Gb ကိုUSD $199 နဲ့ရောင်းပါတယ်၊16 Gb ကိုတော့ USD $299 ပါ။iPhone 3G 8Gb ကိုUSD $199 နဲ့ရတယ်ဆိုပီးမပျော်သွားပါနဲ။့iPhone 3G 8Gb ဘယ်၀ယ်၀ယ် 16 Gb ဘယ်၀ယ်၀ယ် AT&T ရဲ့ဖုန်းလိုင်းကို 2နှစ် အသုံးပြုပါမယ်လို့စာချုပ်ရပါတယ်။လစဉ်ကြေးကတလကိုဒေါ်လာ 40 ပါ။တွက်ကြည့်ပါ တလ 40 2နှစ်ဆို480+199=679 3G 8Gb တလုံးကို679ဒေါ်လာကျပါတယ်။2နှစ်ပါဘဲ2နှစ်ဆိုအပိုင်ရပါဘီ။40ဆောင်စရာမလိုတော့ပါဘူး။တကယ်တော့ ကျွမ်းကျင်သူတွေပြောကြားချက်အရ 3G 8Gb တလုံးကိုထုတ်လုပ်မှုကုန်ကျစရိတ်က 375 ဒေါ်လာပါတဲ့။ကဲဆက်ပြောပါမယ် ခဏကစျေးတွေက ဖုန်း bill မပါသေးဘူး။ဟုတ်ကဲ့ AT&T ကလိုင်းမပါဘဲအလွတ်လဲရောင်းပါတယ်။လိုင်းမပါတဲ့ဖုန်းကိုလိုချင်ရင်တော့ 3G 8Gb ကို 199+400=599ဒေါ်လာပေးရပါတယ်။16 Gb ဆိုရင် 299+400=699 ပေးရမှာပါ။အလွတ်လိုချင်ရင်ဒေါ်လာလေးရာပေါင်းပေးရပါတယ်။အလွတ်အတိုင်း၀ယ်ပီးပီးဘီဆိုရင်လဲမပီးသေးပါဘူး။unlock လုပ်ရဦးမှာပါ။AT&T ကလွဲလို့တခြား Service Provider နဲ့မှသုံးလိုမရအောင် Modem Firmware နဲ့ lock လုပ်ထားပါတယ်။အဲဒီအတွက် lock ဖြည်ရဦးမှာပါ။အဲလို AT&T လိုဘဲတခြား lock service provider များကတော့ အင်္ဂလန်မှ O2, ဂျပန်မှ Soft Bank,ကနေဒါမှ Fido,Rogers တို့က ရောင်းတဲ့ဖုန်းတွေက lock ဖုန်းတွေပါ။ဟုတ်ကဲ့ lock ဖုန်းတွေမှာ ပြသနာရှိနေပါတယ်။ဘာလဲဆိုတော့ Apple က firmware အသစ်ထွက်တိုင်း Modem Firmware ကိုပါမြင့်လို့ပါ။အဲဒီအတွက် firmware upgrade လုပ်တိုင်း lock ပြန်ကျသွားပါတယ်။အခုအသစ်ထွက်တဲ့ version 3.1.2 မှာ sim unlock ဖုန်းတွေလုံး၀ unlock မရသေးပါဘူး။ဒါကြောင့် sim unlock ဖုန်းတွေက firmware upgrade လုပ်မယ်ဆို unlock ရမရ အရင်ဆုံးစုံစမ်းပီးမှလုပ်သင့်တာပါ။firmware upgrade မလုတ်ရင်ဘာဖြစ်မလဲဆိုတာမေးစရာရှိပါတယ်။ဘာဖြစ်မလဲဆိုတော့ အသစ်ထွက်တဲ့ app တွေသုံးလိုမရပါဘူး။ပီးတော့ firmware အသစ်တိုင်းမှာ new fecture တွေ battery ပိုခံအောင် apple ရဲ့ engineer တွေက အမြဲကြိုးစားနေတာပါ။ဒါကတော့ sim unlock အကြောင်းပါ။အော်မေ့လို့ iPhone 3Gs တွေလဲဒီအတိုင်းပါဘဲ။တကယ်လို့ကိုယ်ဆီမှာ iPhone 3G ရှိရင်တော့ 3Gs 16Gb ကို 199ဒေါ်လာနဲ့လဲလို့ရပါတယ်။32Gb ကိုတော့ 299 ဒေါ်လာပါ။ပီးရင်တော့ထုံးစံအတိုင်းတလ 40 ဆောင်ရဦးမှာပါ။ကျန်တာတွေကတော့ 3G အတိုင်းပါဘဲ။ကဲဒီလောက်ဆို sim unlock အကြောင်းလုံလောက်ပါဘီ။

ကဲOfficial unlock အကြောင်းပြောပါမယ်။

Apple က သူ့ဖုန်းတွေကို Modem Firmware နဲ့lock လုပ်ထားပါတယ်။official unlock ဘဲဖြစ်ဖြစ် sim unlock ဘဲဖြစ်ဖြစ် firmware upgrade လုတ်တာနဲ့ lock ဖြစ်သွားပါတယ်။အဲတာကို Apple က lock ပြန်ဖြည်ပေးပါတယ်။တခုတော့ရှိပါတယ် တကယ်မှန်ကန်တဲ့ sim card ထဲ့ထားရမှာပါ။ဥပမာ ကိုယ်က AT&T က၀ယ်ထားတာဆို AT&T sim card ထဲ့ထားရမှာပါ။မဟုတ်ရင်မရပါဘူး။မှန်ကန်တဲ့ sim card ကိုထဲ့ပါလို့ပြောပါမယ်။Official unlock ကျတော့ ကြိုက်တဲ့ sim card ကိုထဲ့ထားပါ။သူဟာသူ unlock လုပ်ပေးပါတယ်။မြန်မာနိုင်ငံမှာဆို unlock လုပ်ပီးပါက carrier name မှာ MM900 လို့ပေါ်ပါတယ်။ကဲဘယ်လောက်အဆင်ပြေလဲ ကြိုက်တဲ့ firmware လာ ပြသနာ မရှိပါဘူး။unlock ကို Apple က တရား၀င် လုပ်ပေးတာပါ။အဲ jailbrake ရမရဘဲနဲနဲကြည့်ရမှာပါ။ကျနော်ကတော့ iPhone ၀ယ်မဲ့သူအားလုံးကို Official unlock ဘဲ၀ယ်စေချင်ပါတယ်။ကျနော်ကိုယ်တိုင်လဲ Official Unlock ဘဲကိုင်ပါတယ်။အဲ Official unlock က နဲနဲတော့စျေးများပါတယ်။ဒေါ်လာ 150 လောက်များပါတယ်။3Gs လဲဒီအတိုင်းဘာဘဲ။ကဲဟုတ်ပါဘီ Official unlock တို့ sim unlock တို့တော့ သိပါဘီ ဘယ်လိုခွဲမလဲဆိုတာပြောပြပါမယ်။ခွဲနည်းက ဒီလိုပါ setting>Genarl>About ထဲမှာ model ဆိုတာရှိပါတယ်။အဲဒီ model no ကို ကြည့်ပါ။



နိုင်ငံ service provider Model type
စင်္ကာပူ Singtel MB489ZA Official unlock
MB496ZA Official unlock
MB500ZA Official unlock

ထိုင်း True MB489TH Official unlock
MB496TH Official unlock
MB500TH Official unlock

ဟောင်ကောင် 3 MB489ZP Official unlock
MB496ZP Official unlock
MB500ZP Official unlock

ထိုင်၀မ် chang hwa MB489TA Official unlock
MB496TA Official unlock
MB500TA Official unlock

အီတလီ tim,Vodafone MB489T Official unlock
MB496T Official unlock
MB500T Official unlock

ပိုလန် Orange,ErA MB489PL Official unlock
MB496PL Official unlock
MB500PL Official unlock

USA AT&T MB046LL lock
MB048LL lock
MB499LL lock

Japan Soft Bank MB489J lock
MB496J lock
MB500J lock

UK O2 MB489B lock
MB496B lock
MB500B lock


အားလက်တော့တော်တော်ညောင်းသွားဘီ။ဟုတ်ဘီဒါကျနော်သိသလောက်ပါတခြား model တွေအများကြိီးရှိသေးပါတယ်။ဒါပေမယ့် ယခုလက်ရှိဘန်းကျော်မှာအတွေ့ရဆုံးကတော့
1.စင်္ကာပူ
2.USA
3.ထိုင်း
4.UK
5.Japan
6.ပောာင်ကောင်
7.ထိုင်၀မ် တို့ဘဲတွေ့နေရပါတယ်။ကျန်တာမတွေ့သလောက်ဘဲ။ဘယ်သူလဲမသိဘူး iPhone ကိုစျေးကသက်သက်သာသာနဲ့ဘယ်လို၀ယ်ရမလဲမေးထာတာတွေပါတယ်။စျေးသက်သက်သာသာနဲ့သုံးချင် ရင် second ၀ယ်ပါ။2G 8Gb ကို 3xxxxx,3G 8Gb ကို 530000,3G 16 Gb ကို 650000 ပါ၊ sim unlock တွေပါ။

Auto Mobile PC GUIDE မှကိုးကားဖော်ပြပါသည်။

မှတ်ချက်များ

  • edited December 2009 Registered Users
    ကျေးဇူးတင်ပါတယ်...အခုလိုမျိုးရှင်းပြပေးတာကို...ကျွန်နော်က Official unlock ဆိုတာကို Jailbrake လို ့ပဲထင်နေလို ့ပါ...
  • edited January 2010 Registered Users
    အားပါး........တကယ်ကံကောင်းသွားတယ်........ကျွန်တော် iphone ၀ယ်လာပြီး ရောင်းမလို့ အခုဒီမှာ ဖတ်လိုက်ရတော့ ပိုက်ဆံ ၈ သိန်းလောက် ပလုံခါနီး လေး.......ကျေးဇူးဗျာ .....အခုလို ဗဟုသုတ တွေ ရှဲပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်
  • edited January 2010 Registered Users
    အခုမြန်မာနိုင်ငံမှာ တရုတ် iphone တွေပေါ်လာပါပြီ။အဲဒီ iphone တွေနဲ့ iphone အစစ်တွေနဲ့ တူပါသလားခင်ဗျာ။Applications တွေကော ထည့်လို့ရပါသလား။ဘယ်နေရာမတူတာလည်းပြောပေးကြပါခင်ဗျာ။စျေးကအရမ်းကွာလွန်းလို့....
  • edited January 2010 Registered Users
    ဘယ်နေရာမတူတာလည်းပြောပေးကြပါခင်ဗျာ။

    Mobile Mac OS X မပါလာတဲ့နောက်တော့ ဘာapp မှ ထဲ့လို့မရနိုင်ပါဘူး။java ကို support လုပ်ရင်တို့တမျိုးပေါ့။အတု ကတော့အတုပါဘဲခင်ဗျာ။
    တခုတော့ရှိတယ်ဗျ။တရုတ် carrier china mobile ကနေရောင်းတဲ့ iphone တွေက စျေးတော့သက်သာတယ်ဗျ။ဒါပေမယ့် Wi-fi မပါဘူး။တရုတ် iPhone ဆိုတာအဲဒါကိုပြောတာလား။model no ကတော့မသိလို့။နောက်သိရင် တင်ပေးမယ်ဗျာ။
  • edited June 2010 Registered Users
    အခုလိုမျိုးရှင်းပြပေးတာကိုကျေးဇူးတင်ပါတယ်
    ဒါဆိုApple Store ကနေOfficial Unlocked ဝယ်လို့ရလားအကို America ကို လူကြုံတစ်ယောက်ရှိတုန်းမှာလိုက်ချင်လို့ပါ
  • edited June 2010 Registered Users
    အခုလိုမျိုးရှင်းပြပေးတာကိုကျေးဇူးတင်ပါတယ်
    ဒါဆိုApple Store ကနေOfficial Unlocked ဝယ်လို့ရလားအကို America ကို လူကြုံတစ်ယောက်ရှိတုန်းမှာလိုက်ချင်လို့ပါ
  • edited June 2010 Registered Users
    အမေရိက ကလူကြုံမှာမယ်ဆို အဆင်ပြေမှာဟုတ်ဝူး
    ကျနော်တုန်းကလဲ မှာမလို့ပဲ
    ဖုန်းဝယ်ရင် ဖုန်းလိုင်းတစ်ခါတည်းချပေးတာတို့ ဘာတို့ရှိတယ်လို့ပြောတယ်
    ပို့ဖို့ အဆင်မပြေဘူးတဲ့
    အမေရိက မှာဝယ်ရင် ဒေါ်လာ ဦးလေးလာ 199 တဲ့
    ကျနော်လဲ အဲဒါ မက်ပီးဝယ်မလို့
    မမိုက်ပါဘူး
  • edited June 2010 Registered Users
    So. Where can i buy iphone (Officially Unlocked).But I don't want to buy in myanmar.
    Because you know, It is singapore assembly or may be korea assembly. That's why I don' t wanna buy here.:confused:
  • edited June 2010 Administrators
    you can buy in Singapore. You can bough iPhone 3Gs without plan in Sg.
    http://store.apple.com/sg/browse/home/shop_iphone/family/iphone?mco=OTY2ODA0NQ
    
  • edited June 2010 Registered Users
    iPhone ကို ဒီပြည်တွင်းမှာတင် ဝယ်မယ်ဆိုရင် အဖြူအမည်း ဈေးကွာတယ်ဗျ
    ဘာသဘောလဲ မသိဘူး
    အဖြူဆို ဈေးနည်းပီးတော့
    အမည်းဆိုရင် ဈေးနည်းနည်းပိုကြီးတယ်
  • edited June 2010 Registered Users
    Can I buy iPhone 4 in Singapore Without PLAN??
    I am not OK with Plan,It will Cost about $1440[it's not include $299.99(original price)].:confused:
  • edited June 2010 Registered Users
    iPhone ကို ဒီပြည်တွင်းမှာတင် ဝယ်မယ်ဆိုရင် အဖြူအမည်း ဈေးကွာတယ်ဗျ
    ဘာသဘောလဲ မသိဘူး
    အဖြူဆို ဈေးနည်းပီးတော့
    အမည်းဆိုရင် ဈေးနည်းနည်းပိုကြီးတယ်
    ဘာသဘောမှ မဟုတ်ပါဘူး။ အဲဒါကို မြန်မာအကျင့်လို့ခေါ်ပါတယ်။ ဥပမာ ကားဝယ်ရင် Suzuki R+ ဆိုပါတော့၊ Company ကရောင်းတာက တစျေးထဲပါ။ ဒါပေမယ့် ပွဲစားတန်းရောက်သွားရင် အဖြူဆိုတစ်စျေး၊ အမည်းဆိုတစ်စျေး၊ တစ်ခြားအရောင်ဆို တစ်စျေး ဖြစ်သွားပါတယ်။
  • edited July 2010 Registered Users
    ultra snow နဲ့ လော့ဖြည်တာကိုကော ရှင်းပြပေးပါဦး ... officially unlock ကိုကော် ultra snow နဲ့ ဖြည်စရာလိုလားလို့ပါ ... ကျွန်တော့ ဖုန်းက officially unlock ဆိုပြီး ultra snow ပါနေတယ်ဗျ .. ဆိုင်ကတော့ officially unlock လိုတော့ ပြောတာပဲ ...
    model No. ကတော့ MC133X ပါ သိတဲ့လူလေးများ ရှိရင် ပြောကြပါဦးဗျာ ... စောင့်နေတာ လည်ပင်ကို ရှည်တော့မယ် ...
  • KK
    edited July 2010 Moderators
    လည်ပင်းပြန်တိုတော့ဗျို့ .. အောက်က Link ကိုသွားပြီးဖတ် .. လိုအပ်ရင် PDF တွေပါ ဖတ်လို့ရတယ်.. အဟတ် :D

    http://forum.lowyat.net/topic/871684
    
  • Registered Users
    S- Korea မှာဆိုရငရော အကို...တိုရေ..
Sign In or Register to comment.