MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

China Tab နှင့် စပ်မိစပ်ရာ

edited February 2012 in Android
စကားမစပ်ဗျာ ... India သံရုံးနားက အခု China Tab တွေများများတင်ရောင်းနေတဲ့ ကွန်ပျူတာ ဆိုင်မှာ China Tab နှစ်ခု ဝယ်ဖြစ်ခဲ့တယ် ... ကျနော်တစ်ခု ... ကျနော့် မိတ်ဆွေ က တစ်ခုပေါ့ ...

သူတို့ကပြောတယ် ... ၆ လ အာမခံရှိတယ်ပေါ့ ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ ..

အိမ်ရောက်မှစစ်ကြည့်လိုက်တော့ /system/bin မှာ Busy Box ရှိနေပါလေရောဗျာ App Screen မှာ icon မပေါ်ပါ.... /system/bin မှာ သာရှိနေတာပါ

အော် ... ဘယ်လိုလူတွေပါလိမ့် ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ .. နဂိုလာကတည်းက Root လုပ်ပြီးသားချည်းဟာကို ....

Website ကနေ ROM ကို ကိုယ့်ဘာသာ Download ပြီးပြန်တင်လည်း Busy Box ဆရာက /system/bin ထဲမှာ အခန့်သားဗျ .. ဆိုင်ကြီးဖြစ်ပြီး ကိုယ်ရောင်းတဲ့ Product ကို သေချာသိသင့်တာပေါ့ဗျာ ... ခပ်တည်တည်နဲ့ Root လုပ်ရင် အာမခံ ပျက်မယ်တဲ့ ...

ရှိသေးတယ် ... ဆိုင်အရောင်းစာရေးမကို Version Upgrade အတွက် မေးတော့ Version အသစ်ထွက်ရင်တင်ပေးမယ် .... Free တဲ့ .....

တစ်ကယ်တမ်း အသစ်ထွက်လို့ သွားပြန်မေးတော့ မတင်ပေးပါဘူးတဲ့ ... ဒီလိုဖြစ်သွားပြန်ပြီ ...

အခု ကျနော့် Tab လေးက လန်းနေပါတယ် ... နောက်ဆုံးထွက် Ice-Cream Sandwich 4.0.3 လေးနဲ့ပေါ့ ...
ကိုယ့်ဘာသာကို Flash လုပ် တင်ထားတာပါ ...

အော်... ဆိုင်တွေများ မဝယ်ခင်တစ်မျိုး နောက်တော့တစ်မျိုးနဲ့

ကျနော့် Tab (China) က Onda Vi20W ( Enhanced ) ပါ.... ဒီ မော်ဒယ်အတွက် ICS Version Upgrade လုပ်ချင်ရင် ကျနော် Download link ရယ် Procedure ရယ် Share ပါရစေခင်ဗျာ ...

အဲ့ဒီဆိုင်နဲ့ပက်သက်တဲ့သူ မပါ :-P (နောက်တာပါ.....)

မှတ်ချက်များ

Sign In or Register to comment.