MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

China Tab နှင့် စပ်မိစပ်ရာ

edited February 2012 in Android
စကားမစပ်ဗျာ ... India သံရုံးနားက အခု China Tab တွေများများတင်ရောင်းနေတဲ့ ကွန်ပျူတာ ဆိုင်မှာ China Tab နှစ်ခု ဝယ်ဖြစ်ခဲ့တယ် ... ကျနော်တစ်ခု ... ကျနော့် မိတ်ဆွေ က တစ်ခုပေါ့ ...

သူတို့ကပြောတယ် ... ၆ လ အာမခံရှိတယ်ပေါ့ ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ ..

အိမ်ရောက်မှစစ်ကြည့်လိုက်တော့ /system/bin မှာ Busy Box ရှိနေပါလေရောဗျာ App Screen မှာ icon မပေါ်ပါ.... /system/bin မှာ သာရှိနေတာပါ

အော် ... ဘယ်လိုလူတွေပါလိမ့် ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ .. နဂိုလာကတည်းက Root လုပ်ပြီးသားချည်းဟာကို ....

Website ကနေ ROM ကို ကိုယ့်ဘာသာ Download ပြီးပြန်တင်လည်း Busy Box ဆရာက /system/bin ထဲမှာ အခန့်သားဗျ .. ဆိုင်ကြီးဖြစ်ပြီး ကိုယ်ရောင်းတဲ့ Product ကို သေချာသိသင့်တာပေါ့ဗျာ ... ခပ်တည်တည်နဲ့ Root လုပ်ရင် အာမခံ ပျက်မယ်တဲ့ ...

ရှိသေးတယ် ... ဆိုင်အရောင်းစာရေးမကို Version Upgrade အတွက် မေးတော့ Version အသစ်ထွက်ရင်တင်ပေးမယ် .... Free တဲ့ .....

တစ်ကယ်တမ်း အသစ်ထွက်လို့ သွားပြန်မေးတော့ မတင်ပေးပါဘူးတဲ့ ... ဒီလိုဖြစ်သွားပြန်ပြီ ...

အခု ကျနော့် Tab လေးက လန်းနေပါတယ် ... နောက်ဆုံးထွက် Ice-Cream Sandwich 4.0.3 လေးနဲ့ပေါ့ ...
ကိုယ့်ဘာသာကို Flash လုပ် တင်ထားတာပါ ...

အော်... ဆိုင်တွေများ မဝယ်ခင်တစ်မျိုး နောက်တော့တစ်မျိုးနဲ့

ကျနော့် Tab (China) က Onda Vi20W ( Enhanced ) ပါ.... ဒီ မော်ဒယ်အတွက် ICS Version Upgrade လုပ်ချင်ရင် ကျနော် Download link ရယ် Procedure ရယ် Share ပါရစေခင်ဗျာ ...

အဲ့ဒီဆိုင်နဲ့ပက်သက်တဲ့သူ မပါ :-P (နောက်တာပါ.....)

မှတ်ချက်များ

  • Registered Users
    Due to connection problem, THREE duplications appeared. Sorry and apologize for this.
    Dear, Admin, please DELETE other two duplicated posts. Thanks for your help.
  • Registered Users
    ဟုတ်ကဲ့. စျေးနှုန်းလေးကော သိရမလားခင်ဗျာ။ သုံးရတာကောဘယ်လိုနေလဲဗျ။ ကလေးတစ်ယောက်ကို လက်ဆောင်ပေးချင်လို့။
  • Registered Users
    1.35 lakh ပါ ... သုံးရတာ ပေးရတဲ့စျေးနဲ့တန်ပါတယ်
    Specs ...
    Processor 1.5 GHz
    GPU Mail 400 GPU - 3D supported
    Memory 1GB
    Storage 8GB
    SD Card Slot - Yes
    Multi Touch
    Support HD Video
    HDMI Port
    On the Go Function Support - Which means USB Memory Sticks can mount at tablet.

    ကျနော်ဝယ်တဲ့ အချိန်တုန်းက Lenovo brand အဲ့ဒီမှာ မရှိသေးပါ ... အခု Lenovo brand ကို ၁၆၀၀၀၀လောက်ဖြင့်ရနိုင်ပါပြီ။
  • Registered Users
    ကိုသီဟရေ.
    အခုလိုပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ လီနိုဗို ဘရမ်းက ပိုကောင်းတယ်လို့ဆိုလိုချင်တာလား နောက်ပြီးတော့ အဲ့ဒီ Device တွေကိုကောအသစ်ထွက်ရင် update လုပ်လို့ရလားဗျ။
    ကျေးဇူးတင်ပါတယ်။
    NooR
  • Registered Users
    လီနိုဗို ကိုပိုအရည်အသွေးရှိမယ်လို့ ယူဆချင်ပါတယ် ...

    ROM Version အသစ်တွေကို Manufacturer Website ကနေဖြစ်စေ individual developers တွေကနေဖြစ်စေ ထုတ်ပေးလေ့ရှိပါတယ် ... အဲ့ဒီလို ထွက်လာခဲ့ရင် လုပ်နိုင်ပါတယ် ခင်ဗျာ...
  • Registered Users
    ကွှနတြော့ြchina made tablet ကတော့ ramos W6 model ပါ root လုပခြငွပြါတယြ။ဘယလြိုလုပရြမလဲသိရငကြွေးဇူးပှုပှီးပှောပှပေးပါ။ဆိုငကြလဲ အဲဒီ tablet မွိုးမလုပဘြူးလို.ပကွရြငအြာမ မ ခံနိုငလြို.မလုပပြေးပါဘူး။
  • edited April 2012 Administrators
    @PhyoAung ? what font are you using ?
Sign In or Register to comment.