MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

China Tab နှင့် စပ်မိစပ်ရာ

edited February 2012 in Android
စကားမစပ်ဗျာ ... India သံရုံးနားက အခု China Tab တွေများများတင်ရောင်းနေတဲ့ ကွန်ပျူတာ ဆိုင်မှာ China Tab နှစ်ခု ဝယ်ဖြစ်ခဲ့တယ် ... ကျနော်တစ်ခု ... ကျနော့် မိတ်ဆွေ က တစ်ခုပေါ့ ...

သူတို့ကပြောတယ် ... ၆ လ အာမခံရှိတယ်ပေါ့ ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ ..

အိမ်ရောက်မှစစ်ကြည့်လိုက်တော့ /system/bin မှာ Busy Box ရှိနေပါလေရောဗျာ App Screen မှာ icon မပေါ်ပါ.... /system/bin မှာ သာရှိနေတာပါ

အော် ... ဘယ်လိုလူတွေပါလိမ့် ... Root လုပ်ရင် အာမခံ ပျက်တယ်တဲ့ .. နဂိုလာကတည်းက Root လုပ်ပြီးသားချည်းဟာကို ....

Website ကနေ ROM ကို ကိုယ့်ဘာသာ Download ပြီးပြန်တင်လည်း Busy Box ဆရာက /system/bin ထဲမှာ အခန့်သားဗျ .. ဆိုင်ကြီးဖြစ်ပြီး ကိုယ်ရောင်းတဲ့ Product ကို သေချာသိသင့်တာပေါ့ဗျာ ... ခပ်တည်တည်နဲ့ Root လုပ်ရင် အာမခံ ပျက်မယ်တဲ့ ...

ရှိသေးတယ် ... ဆိုင်အရောင်းစာရေးမကို Version Upgrade အတွက် မေးတော့ Version အသစ်ထွက်ရင်တင်ပေးမယ် .... Free တဲ့ .....

တစ်ကယ်တမ်း အသစ်ထွက်လို့ သွားပြန်မေးတော့ မတင်ပေးပါဘူးတဲ့ ... ဒီလိုဖြစ်သွားပြန်ပြီ ...

အခု ကျနော့် Tab လေးက လန်းနေပါတယ် ... နောက်ဆုံးထွက် Ice-Cream Sandwich 4.0.3 လေးနဲ့ပေါ့ ...
ကိုယ့်ဘာသာကို Flash လုပ် တင်ထားတာပါ ...

အော်... ဆိုင်တွေများ မဝယ်ခင်တစ်မျိုး နောက်တော့တစ်မျိုးနဲ့

ကျနော့် Tab (China) က Onda Vi20W ( Enhanced ) ပါ.... ဒီ မော်ဒယ်အတွက် ICS Version Upgrade လုပ်ချင်ရင် ကျနော် Download link ရယ် Procedure ရယ် Share ပါရစေခင်ဗျာ ...

အဲ့ဒီဆိုင်နဲ့ပက်သက်တဲ့သူ မပါ :-P (နောက်တာပါ.....)

မှတ်ချက်များ

  • Registered Users
    Due to connection problem, THREE duplications appeared. Sorry and apologize for this.
    Dear, Admin, please DELETE other two duplicated posts. Thanks for your help.
  • Registered Users
    ခံ​စား​ချက်​ချင်း​တူ​လို့​ ရေး​ပေး​လိုက်​ပါ​တယ်။​ India သံ​ရုံး​နား​က​ဆိုင်​ဆို​ ဟို​ဆိုင်​လို​လို​ ဒီ​ဆိုင်​လို​လို​ဖြစ်​နေ​အုံး​မယ်။​အဲ့​နား​မှာ​ဆိုင်​တွေ​များ​တယ်​လေ။​ဆိုင်​နာ​မည်​ က​ T-Land ဖြစ်​ပါ​လိမ့်​မ​ယ်။ ​တက်​က​နို​လန်း​ မ​ဟုတ်​ပါ။​ကျွန်​တော်​လည်း​ အဲ့​ဆိုင်​ကို​ onda vi 40 ဝယ်​မ​လို့​သွား​တယ်။​မ​သွား​ခင်​ 1ရက်​က​ ဖုန်း​ဆက်​ထား​ပါ​သေး​တယ်။​ ရှိ​တယ်​တဲ့။​ဆိုင်​သာ​လာ​ခဲ့​ပါ​တယ်။​ဒါ​ပင်​မဲ့​ ကိုယ်​က​ ကံ​ဆိုး​ချင်​တော့ရောက်​တော့​​ vi 40 က​ဆိုင်​မှာ​အ​ဆင်​သင့်​မ​ရှိ​ဘူး။​ဆို​တော့​ဘယ်​နေ့​ရောက်​မ​လဲ​ မေး​တယ်။​ကြာ​မယ်​တဲ့။​ဝင်​ချင်​မှ​လည်း​ထပ်​ဝင်​ဖြစ်​မယ်​တဲ့။​အဲ့​တော့​ လက်​လျော့​ပြီး​ Newman ပေး​ပါ​ဆို​တော့​ဆိုင်​တွေ​ဖြန့်​ထား​တာ​ကုန်​ပြီ​တဲ့။​ဒါ​ဆို​ ဘာ​ရှိ​သေး​လဲ​မေး​တော့​ vi30 ပဲ​ရှိ​တယ်​တဲ့။​ကဲ​ဒါ​ဆို​လဲ​ ကြည့်​မယ်​ပေါ့။​ဆို​ တော့​ပြ​တယ်။​စမ်း​ကြည့်​တယ်။​ မ​ဆိုး​ပါ​ဘူး။​ဒါ​ပင်​မဲ့​ကိုယ်​က​ လဲ​ vi 40 ကို​လို​ချင်​လို့​ထပ်​မေး​တယ်။​စော​စော​စော​က​အ​တိုင်း​ပြော​တယ်။​ကဲ့​ ဒါ​ဆို​လဲ​ vi 30 ကို​ ပဲ​ယူ​လိုက်​တယ်။​နောက်​ 2ရက်​လောက်​နေ​တော့​ bootlogo မှာ​တစ်​ နေ​လို့​ ဆိုင်​သွား​ပြ​ပါ​တယ်။​ firmware restore ပြန်​တင်​ပေး​လိုက်​တယ်။​free ပေါ့။​ဒါ​ပင်​မဲ့​ ဆိုင်​ကို​ပတ်​ကြည့်​တော့​ လား​လား​..... vi 40 ကော​ ၊ Newman ကော​ တင်​ရောင်း​နေ​ပါ​တယ်။​ကျွန်​တော်​ မေး​ကြည့်​တော့​ မ​နေ့​က​ရောက်​တာ​ပါ​တဲ့​။ကဲ........ကိုယ့်​ရောင်း​ပေး​လိုက်​တဲ့​ တ​ရုတ်​မ​ဆင်​ဆင်​ ကောင်​မ​လေး​ကို​တော့​ အဲ့​နေ​မှာ​ မ​တွေ့​ရ​ပါ​ဘူး။​ ကျွန်​တော်​ ပြော​ချင်​တာ​က​ ဖောက်​သည်​လွတ်​သွား​မှာ​ဆိုး​သ​ဖြင့်​ ကိုယ့်​ဆိုင်​မှာ​ အား​ပေး​တဲ့​သူ​ကို​ ဒီ​လို​လုပ်​တာ​တော့​လွန်​ပါ​တယ်။​ဒီ​ ပစ္စည်း​တစ်​ခု​မ​ရောင်း​ရ​လို့​သူ​တို့​မ​မွဲ​သွား​ပင်​မဲ့​ ဒါ​ပစ္စည်း​ကို​ တန်​ရာ​တန်​ကြေး​ပေး​ပြီး​ အ​မြဲ​သုံး​နေ​တဲ့​လူ​က​တော့​ စိတ်​ထဲ​မ​ကောင်း​ပါ။​ဒီ​စာ​ကို​ T-land က​ကျွန်​တော့်​ကို​ ဒီ​လို​ပြော​ရောင်း​လိုက်​တဲ့​ ကောင်​မ​လေး​တွေ့​ရင်​ သိ​ပါ​လိမ့်​မယ်။​နောက်​လူ​မ​ခံ​ရ​အောင်​ကိုယ်​ချင်း​စာ​တင်​ပေး​လိုက်​ခြင်း​သာ​ဖြစ်​ပါ​တယ်။​​
Sign In or Register to comment.